Main menu

Background

တာယာထုတ်လုပ်သူများအတွက် အလားအလာကောင်းဖွယ်မရှိ

Sun, 02/20/2011 - 07:59 -- Anonymous (not verified)

 တာယာထုတ်လုပ်သူများအတွက် အလားအလာကောင်းဖွယ်မရှိ        ရော်ဘာအသုံးစရိတ်တွေ မြင့်တက်ခြင်းကပြည်တွင်း တာယာထုတ်လုပ်သူများကို ဖိအားပေး နေပြီး လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်ကတည်းက ၎င်းတို့ အမြတ်များကျဆင်းနေတာကိုတွေ့ရပါတယ်။Wuxi Boton ခါးပတ်ကုမ္ပဏီက ၂ဝ၁ဝ မှာ အသားတင် အမြတ် ယွမ် ၄၄ ဒသမ ၁၉ သန်း (ဒေါ်လာ ၆ ဒသမ ၇ သန်း) သာရရှိခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အလားတူ ကာလထက် ၈ ဒသမ ၅၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ဒီလိုအမြတ်ငွေကျဆင်းရတာ ဟာ လွန်ခဲ့တဲ့နှစ်က ရော်ဘာဈေးနှုန်းတွေ တက်တာ ကြောင့်လို့ သိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာ ၂ဝ၁၁ မေလ အတွက် ရော်ဘာဈေးနှုန်းက တစ်တန်ကို ၄၃၅ဝဝ ယွမ် (၆၅၉၈ ဒေါ်လာရှိပြီး) ယခင်နှစ်ဇွန်လက ယွမ် ၂ဝဝဝဝ ဝန်းကျင် (၃ဝ၃၃ ဒေါ်လာ) သာရှိခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းက ရော်ဘာလုပ်ငန်းကြီးများကလည်း လွန်ခဲ့တဲ့ နှစ်ထက်ပိုပြီး အမြတ်ငွေကျဆင်းမယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။ဟီနန်ပြည်နယ် အခြေစိုက်အဓိကတာယာထုတ်လုပ်ရေးဖြစ်တဲ့ Aeolus  တာယာကုမ္ပဏီက ၂ဝ၁ဝ မှာ ၎င်းတို့ရဲ့ အသားတင်အမြတ်က ယခင်နှစ်အမြတ်ရဲ့ ၅ဝ ရာခိုင်နှုန်းဝန်းကျင်ဒေါ်လာ (၄၇ ဒသမ ဝ၃ သန်း) ရှိကြောင်း ကြေညာခဲ့ပါတယ်။ အခြားတာယာထုတ်လုပ်ရေးဖြစ်တဲ့ Guizhore ကတော့ ၂ဝ၁ဝ မှာ ၎င်းတို့ရဲ့ အမြတ်ငွေ ၅ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ဒေါ်လာ (၁၆ ဒသမ ၈၄ - ၂၇ ဒသမ ၃ဝ) သန်းသာရှိကြောင်း ပြောကြားခဲ့ပါတယ်။ ယခုလက်ရှိမှာ ရော်ဘာ ဈေးနှုန်းက ဆက်တက်နေဦးမှာ ဖြစ်ပြီး ရောင်းလိုအား အကျပ်အတည်းကြောင့် ပြည်တွင်းတာယာထုတ်လုပ်ရေးများအား ဆက်လက်ထိခိုက်နေဦးမယ်လို့ စက်မှုလုပ်ငန်း သုတေသီများကပြောကြားပါတယ်။                 ယခုနှစ်လယ်လောက်မှာတော့ ရော်ဘာအစေးထွက်ရာသီစတင်တော့မှာမို့ ရော်ဘာဈေးနှုန်းသင့်တင့်မှုရှိလာနိုင်ပြီး ရောင်းလိုအားလည်း တိုးလာနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ယခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ပြန်လည် နာလန်ထူလာနိုင်ကြောင်း တိုင်ဂျင်အခြေစိုက် သုတေသီတစ်ဦးက ပြောကြားပါတယ်။ကားရောင်းချရနှုန်းတွေ အားကောင်းပြီး တာယာ ထုတ်လုပ် ရေးတွေရဲ့ ဝယ်လိုအားကိုမမီနိုင်တာကြောင့် ရော်ဘာရဲ့ရောင်းလိုအား တိုးတက်မှုကို မမြင်ကြောင်း ဘေဂျင် အခြေစိုက် သုတေသီတစ်ဦးကသုံးသပ်ပြန်ပါတယ်။ပြည်တွင်းရော်ဘာထုတ်လုပ်ရေးများကလည်း ရာသီဥတုဒဏ်မှကာကွယ်ရေး ကူညီပေးဖို့ အစိုးရက တောင်းဆိုထားကြောင်း ရော်ဘာအသင်းရဲ့Website  မှာ ဖော်ပြထားပါတယ်။ KZW, Source: global time