Main menu

Background

တန် ၃၂ဝဝ ပင်လယ်ရေကြောင်းကတင်ပို့

Sun, 02/20/2011 - 08:01 -- Anonymous (not verified)

တန် ၃၂ဝဝ ပင်လယ်ရေကြောင်းကတင်ပို့              ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၂ဝ၅ တန်၊ တန်ဖိုးဒေါ်လာ ဝ ဒသမ ၈ဝ၁ သန်းဖိုးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်က ၅၉၁ တန်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့ပြောင်း ရောင်းလိုအား ကျဆင်းနေမှုကြောင့် အဝယ်လိုက်နေတာ ဖြစ်ကြောင်း သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ နယူးဂီနီကို တန် ၁၅ဝဝ၊ စင်္ကာပူကို တန် ၅ဝဝ၊ ဖိလစ်ပိုင်ကို ၈၈၈ တန်၊ ပနားမားကို တန် ၁၂ဝ၊ မလေးရှား ကို ၁၉၇ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ FOB ရန်ကုန်ဈေး ကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိ ကြောင်း သတင်းရရှိပါတယ်။ KZW