Main menu

Background

USDA ၏ ကြေညာချက်ကြောင့် ပြောင်းဈေးကောင်း

Sun, 02/20/2011 - 08:11 -- Anonymous (not verified)

USDA ၏ ကြေညာချက်ကြောင့် ပြောင်းဈေးကောင်း               အမေရိကန်ရဲ့ ပြောင်းစိုက်ပျိုးသူများက ယခုရက်သတ္တပတ်အတွင်း သတင်းကောင်းတချို့ကြားနေရပါတယ်။ အဲဒါကတော့ အမေရိကန်စိုက်ပျိုးရေး ဌာန(USDA)က ၁၅ နှစ်အတွင်း ပြောင်းသိုလှောင်မှုကျဆင်း သွားတယ်လို့ ကြေညာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။USDA  ရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ပြောင်းရောင်းလိုအား စုစုပေါင်း ဘူရှယ် ၆၇၅ သန်းရှိတယ်လို့ သိရပါတယ်။ စားသုံးမှုနဲ့အီသနောထုတ်လုပ်မှု နှစ်မျိုးစလံုံးကြောင့် ဝယ်လိုအားတိုးလာပြီ လွန်ခဲ့တဲ့ လ အနည်းငယ်ကတည်းက ရောင်းလိုအားပြတ်လတ်ခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူများက ပြောကြားပါတယ်။ ကမ္ဘာ့အကြီးဆုံးပြောင်းထုတ်လုပ်တဲ့ အာဂျင်တီးနား နိုင်ငံမှာ သီးနံှပျက်စီးမှုကြောင့် ကမ္ဘာ့ရောင်းလိုအားနည်းသွားခဲ့ကြောင်း သိရပါ တယ်။ အာဂျင်တီးနားရဲ့ နောက်ဆုံးအထွက်နှုန်းဟာ ရာသီဥတုဆိုးရွားတာကြောင့် ကျဆင်းနေပြီး ဈေးကွက်ကလည်း ဆက်လက်အကျပ်အတည်းဖြစ်နေကြောင်း ဂျီနီဗာမှ သုတေသီတစ်ဦးက ပြောကြားပါတယ်။ ပြောင်းဟာ စားသုံးဖို့နဲ့ လောင်စာဆီအတွက် လုံလောက်မှုရှိနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်းUSDA ရဲ့ အတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။USDA  ရဲ့ ကြေညာချက်အပြီးမှာ ပြောင်းဈေးနှုန်းက တစ်ဘူရှယ်ကို ၇ ဒေါ်လာအထိ ရောက်သွားပြီး ပြောင်းထုတ်လုပ် သူတွေကတော့ နွေဦးရာသီ ရိတ်သိမ်းချိန်အတွက် အခွင့် အလမ်းရမယ့် သတင်းကောင်းတွေ ကြားခဲ့ရပါတယ်။ ပြောင်းဈေးနှုန်းက လွန်ခဲ့တဲ့ ၆ လကတည်းက ၂ ဆဖြစ်ခဲ့ပြီး ချီကာဂိုမှာတော့ လ ၃ဝ အတွင်း အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ ှSource: Bloomberg.com KZW