Main menu

Background

ဖြည်းဖြည်းမှန်မှန်သွားနေတဲ့ မန်းပြောင်း

Sun, 02/20/2011 - 08:17 -- Anonymous (not verified)

ဖြည်းဖြည်းမှန်မှန်သွားနေတဲ့ မန်းပြောင်း                မန်းဈေးကွက်တွင် ပြောင်းဖူးစေ့ကို တရုတ်ဝယ်လိုအားနည်းလာသော် လည်း ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များ အရက်ချက်လုပ်ငန်းရှင်များတို့ ဝယ်လို အားရှိနေတဲ့အတွက် ပုံမှန်အရောင်းအဝယ်ရှိပြီး ဈေးငြိမ်နေတာ ကိုလည်း တွေ့ရပါ တယ်။ ယခုတစ်ပတ်မှာလည်း ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းဘဲ ပြောင်းလဲမှုမရှိဘဲ ပြောင်းဖူးစေ့ ရှမ်းနဲ့ စီပီပြောင်း တစ်ပိဿာ ၂၇၈ ကျပ်၊ တစ်တန် ၁၇ဝ၂၄၄ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)က တစ်ပိဿာ ၂၆၅ ကျပ်၊ တစ်တန် ၁၆၂၂၈၃ ကျပ် အထွက်တိုးပြောင်း တစ်ပိဿာ ၂၆၄ ကျပ်၊ တစ်တန် ၁၆၁၆၇ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြကြောင်း တွေ့ရပါတယ်။ တရုတ်ဝယ်လိုအားနည်းသော်လည်း ပြည်တွင်း ဝယ်လိုအားရှိနေတဲ့အတွက် ဈေးမကျဘဲ ဈေးငြိမ်နေတာဖြစ်တယ်လို့ ရောင်းဝယ်ကြတဲ့ ကုန်သည်များမှ ပြောကြားကြောင်း သိရပါတယ်။               ကျော်ကျော်မိုး