Main menu

Background

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၄၈၄ သန်းကျော်ရရှိပြီ

Sun, 02/20/2011 - 08:27 -- Anonymous (not verified)

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၄၈၄ သန်းကျော်ရရှိပြီ           မြန်မာနိုင်ငံက ထွက်ရှိသည့် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ရရှိငွေမှာ ဒေါ်လာ ၄၈၄ သန်းကျော်ရှိလာပြီဖြစ်သည်။              ''ရေထွက်ကုန်ပစ္စည်းတွေတင်ပို့ရာမှာ ပင်လယ်ရေကြောင်းက ဒေါ်လာ ၂၉၈ ဒသမ ၃၁၃ သန်း၊ မူဆယ်က ဒေါ်လာ ၆၅ ဒသမ ၆၂၄ သန်း၊ ကော့သောင်းက ၁၉ ဒသမ ၂၃၄ သန်း၊ စစ်တွေက ဒေါ်လာ ၇ ဒသမ ၁၅၉ သန်း၊ မြိတ်က ဒေါ်လာ ၈၄ ဒသမ ၃၉၆ သန်း၊ မောင်တောက ဒေါ်လာ ၄ ဒသမ ၁၄၁ သန်းနဲ့ တမူးက ဒေါ်လာ ဝ ဒသမ ၁၅၇ သန်း၊ စုစုပေါင်း ဒေါ်လာ ၄၈၄ ဒသမ ၂၃၇ သန်းရှိနေပြီဖြစ်ပါတယ်။ စခန်းတွေအလိုက် ကော့သောင်းက တန် ၁၈၂၄ လျော့ပေမယ့် ဒေါ်လာ ၁ ဒသမ ၈၈ သန်းပိုပြီး တင်ပို့နိုင်ခဲ့ပါတယ်။ အလားတူမြိတ်ကလည်း တန်ချိန်လျော့ပေမဲ့ ငွေရပိုခဲ့ပါ တယ်။စစ်တွေကတော့ တန်ချိန်ရော၊ ငွေရောလျော့နည်း တာတွေ့ရပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာန၊FIQC  ကတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။            အဆိုပါရရှိငွေများအနက် ကဏန်းတင်ပို့မှုက ဒေါ်လာ ၃၁ ဒသမ ဝဝ၅ သန်း၊ ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၂ဝ ဒသမ ၆၄၈ သန်း၊ ရေချိုငါးတင်ပို့မှုက ဒေါ်လာ ၉၆ ဒသမ ၉၂၁ သန်းပါဝင်ခဲ့ကြောင်း သိရသည်။                                 MN