Main menu

Background

ငါးရှဉ့်ဈေးနှုန်းများ စံချိန်တင်ရရှိခဲ့

Sun, 02/20/2011 - 08:32 -- Anonymous (not verified)

ငါးရှဉ့်ဈေးနှုန်းများ စံချိန်တင်ရရှိခဲ့            မြန်မာနိုင်ငံက တင်ပို့ရောင်းချသည့် ငါးရှဉ့် ဈေးနှုန်းများ စံချိန်တင်ဈေးနှုန်းများရရှိခဲ့ကြောင်း ငါးရှဉ့် လုပ်ငန်းရှင်များအသင်းက သိရသည်။ ''ဖေဖော်ဝါရီ ၁၂ ရက်နေ့က ငါးရှဉ့်တစ်တန်ကို ၄၃၆ဝ ဒေါ်လာရရှိခဲ့ပါတယ်။ အဲဒီဈေးနှုန်းဟာ ဒီနှစ်ထဲမှာ  ရတဲ့ဈေးနှုန်းတွေထဲမှာ အများဆုံးရရှိတဲ့ ဈေးနှုန်းဖြစ်သလို မနှစ်ကရတဲ့ အမြင့်ဆုံးဈေးနှုန်းတွေထက် လည်း စံချိန်ချိုး နိုင်ခဲ့တဲ့ ဈေးနှုန်းဖြစ်ပါတယ်။ အခုသယ်ယူပို့ဆောင်ရေးမှာ ကားတွေရဲ့တင်ပို့နိုင်တဲ့ ကုန်တန်ချိန်ကိုလျော့လိုက်တဲ့အတွက် အရင်က ကားတစ်စီးကို တာ ၁၅ဝ တင်ပို့ခဲ့ပြီး ယခု ၈၅တာ သာ တင်ပို့နေရတဲ့အတွက် ငါးရှဉ့်ဈေးကောင်းပေမဲ့ သယ်ယူ ပို့ဆောင်စရိတ်က မြင့်တက်ခဲ့တယ်'' ဟု ယင်းအသင်းဥက္ကဋ္ဌ က ပြောသည်။                  မြန်မာနိုင်ငံကထွက်ရှိသည့် ငါးရှဉ့်များကို မူဆယ် နယ်စပ်ကုန်သွယ်ရေးကလည်းကောင်း ၊ လေကြောင်း လိုင်းကလည်းကောင်း တင်ပို့လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အထိ ဒေါ်လာ ၂ဝ ဒသမ ၆၄၈ သန်းရရှိပြီး ဖြစ် သည်ဟု ဆိုသည်။ MN