Main menu

Background

ရေလုပ်သားများကို ှSafety at Sea သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်

Sun, 02/20/2011 - 08:58 -- Anonymous (not verified)

ရေလုပ်သားများကို ှSafety at Sea သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်                     ရေလုပ်ငန်းမှ ရေလုပ်သားများက Safety at Sea  သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲက သိရသည်။                        ''ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ စက်ရုံမှာ HACCP  စနစ်ကို ကျင့်သုံးဖို့နဲ့ ယခင်ပြည်ပ ပညာရှင်တွေ ပို့ချခဲ့တဲ့ အင်္ဂလိပ်သင်ရိုးညွှန်းတမ်းများကို မြန်မာဘာသာပြန်ပြီး စက်ရုံ ၅ ရုံက ဝန်ထမ်း ၅ ဦးကျစီတို့ကို Safety at Sea  နဲ့ဆိုင်တဲ့ သင်တန်းတွေပို့ချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသင်တန်းတက်ရောက်ခဲ့တဲ့ ဝန်ထမ်းတွေက QC ဝန်ထမ်းတွေမဟုတ်ဘဲ တာလီ စာရေးတွေနဲ့ ရံုံးစာရေးတွေသာ ဖြစ်နေတာတွေ့ခဲ့ရပါတယ်။ အခုလည်းငါးဖမ်း လုပ်ငန်းက ရေလုပ်သားတွေကို Safety at Sea  သင်တန်းများဖွင့်လှစ်သင်ကြားပေးမှာပါ။ သင်တန်းတွေတက် ရောက်ပြီးသူ၊ ကျန်းမာရေးကောင်းတဲ့ရေလုပ်သားတွေကို ရေလုပ်သားမှတ်ပုံတင်ကတ်ပြားတွေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ရေလုပ်သား ၂၄ဝဝဝ ကျော် ထိခိုက်နေကြတာပါ။ ဒီလိုသေဆုံးကြရတာဟာ လှေသင်္ဘောတွေ ညံ့မှု၊ ရာသီဥတုအခြေအနေစူးစမ်းခြင်းအားနည်းမှု၊ အသက်ကယ် ပစ္စည်း အရည်အသွေး ညံ့ဖျင်းမှုစတာတွေကြောင့် ဖြစ်ပါတယ်။ Fishery Management တွင် Safety at Sea အချက်ကို ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ငါးဖမ်းရေယာဉ်တွေဟာ နေ့ညမရှောင် လုပ်ရတာကြောင့် ညအချိန် အချက်ပြတဲ့စနစ်အားနည်း တဲ့အတွက် Accident  ဖြစ်တတ်တယ်လို့ သိရတဲ့အတွက် လှေတစ်စီး စီက ရေလုပ်သား ၂ ဦး ၃ ဦးကျစီ Safety at Sea သင်တန်းတက်ဖို့လိုပါတယ်'' ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းသိုဖ့ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့မှ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်သားများ တက်ရောက်ကြမည်ဟု သိရသည်။ MN