Main menu

Background

ရေကြောင်းကုန်စည် အာမခံထားရှိမှု ယခင်ကထက် မြင့်တက်လာ

Sun, 02/20/2011 - 09:27 -- Anonymous (not verified)

ရေကြောင်းကုန်စည် အာမခံထားရှိမှု ယခင်ကထက် မြင့်တက်လာ                    ကုန်စည်များကို ရေကြောင်းမှသယ်ယူရာတွင် ရေကြောင်းကုန်စည်အာမခံထားရှိမှု ယခင်ကထက်မြင့်တက် လာခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသိရသည်။ ရေကြောင်းမှ ကုန်စည်သယ်ဆောင်ခြင်းသည် ကုန်းလမ်းမှ သယ်ဆောင်ခြင်း လောက် မြန်ဆန်မှု မရှိသော်လည်း ကုန်တန်ဆာခသက်သက်သာသာဖြင့် တင် ဆောင်နိုင်ခြင်းကြောင့် ပုပ်သိုးကုန်မဟုတ်ပါက ရေကြောင်းလမ်းမှသာ သယ်ယူကြကြောင်း ကုန်သည်တစ်ဦးကပြောသည်။                     ''ပုံမှန်သယ်နေမယ်၊ ကိုယ့်ကုန်က ပုပ်ကုန်မဟုတ်ရင် ရေလမ်းကသယ်တာ ဈေးနှုန်း သက်သာတယ်၊ ရေလမ်းက ဈေးနှုန်း သက်သာပေမဲ့ သဘာဝဘေးအန္တရာယ်ဆိုတာက မပြောနိုင်ဘူး၊ ဒီတော့ ကုန်စည်အာမခံထားပြီးမှ သယ်တယ်၊ တစ်စုံတစ်ရာဖြစ် လာရင် အကာအကွယ်ရတာပေါ့''ဟု ၎င်းကုန်သည်က ထပ်လောင်းပြောသည်။ ၂ဝဝ၈ ခုနှစ် မုန်တိုင်းဒဏ်ခံရပြီးနောက် ရေကြောင်း ကုန်စည် အာမခံထားရှိမှုမြင့်တက်လာခဲ့ရာ ယခု ၂ဝ၁ဝ-၂ဝ၁၁တွင် ပိုမိုများပြားလာကြောင်း၊ ထိုသို့ဖြစ်ရခြင်းသည် အမှန်တကယ် ဆုံးရှုံးမှုအတွက် မြန်ဆန်သော ပေးလျော်မှုများကြောင့်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်း က ပြောသည်။ စတား