Main menu

Background

၂ဝ၁၁ ထုတ် လယ်ယာ ၂ဝ ထွန်စက်များ အရစ်ကျဖြင့် ဝယ်ယူနိုင်

Sun, 02/20/2011 - 09:36 -- Anonymous (not verified)

 ၂ဝ၁၁ ထုတ် လယ်ယာ ၂ဝ ထွန်စက်များ အရစ်ကျဖြင့် ဝယ်ယူနိုင်               စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာ ၂ဝ ထွန်စက် အစီးရေ ၃ဝဝဝ စီးကို ၂ဝ၁၁ ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ လယ်ယာ ၂ဝ ထွန်စက်ကို တရုတ်နည်းပညာအခြေခံ၍ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ၊ ကျောက်ဆည်မြို့၊ အင်းကုန်းရပ်တွင် ထုတ်လုပ်ခဲ့ကြောင်း၊ လယ်ယာ ၁၆ နဲ့ လယ်ယာ ၂၂ ထွန်စက်များကို ထုတ်လုပ်ပြီးကြောင်းသိရပါတယ်။ မတ္တရာမြို့နယ်၊ အမှတ် ၄၃ ထွန်စက်စခန်းမှ ဦးသိန်းဝင်း (ဦးစီးအရာရှိ)က ''လယ် ၂ဝ ထွန်စက်ကို ဒီလ အတွင်းမှာ ထွန်စက်စခန်းများမှာ ရောင်းချပေးနေပါတယ်။ တောင်သူတွေအတွက် နှစ်ရစ်ခွဲပြီး ဝယ်ယူနိုင်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်တဲ့အတွက် စက်အပိုပစ္စည်း အလွယ်တကူရနိုင်တယ်။ ပြည်ပက ပစ္စည်းထက် လေးသိန်းနီးပါးဈေးလျော့ပြီး အရည်အသွေးတူညီတယ်'' လို့ ပြောပါ တယ်။                  လယ်ယာ ၂ဝ ထွန်စက်ဖြင့် ထယ်ထိုးပါက တစ်ဧကလျှင် ဒီဇယ် ၂ ဂါလန်၊ ထွန်မွှေပါက တစ်ဧကလျှင် ဒီဇယ် ၁ ဒသမ ၃၃ ဂါလန် ကုန်မည်ဖြစ်ပြီး၊ စပါးရေ တင်လုပ်ငန်းများတွင် ရေစုပ်စက်အဖြစ် အသုံးပြုနိုင်ကြောင်း သိရပါတယ်။ စက်ပစ္စည်းအစိတ်အပိုင်းအလိုက်ဈေးနှုန်းများမှာ -                                                                        ရေတွက်ပုံ-ကျပ် (သိန်း)ပစ္စည်းအမည်         လက်ငင်းပေး             အရစ်ကျပေးဆပ်ရမည့်ငွေ                                     ပေါင်း                             ချေရမညငွေ   ဝယ်ယူသည့်နေ့     ၁ နှစ်ပြည့ ်နေ့     ၂ နှစ်ပြည့ ်နေ့လက်တွန်းကိုင်း           ၉ .၃ဝ              ၃ .၆ဝ              ၃ .၄ဝဝ                  ၃ .ဝဝ               ၁ဝ .ဝဝဝအင်ဂျင်                      ၃ .၇ဝ              ၁ .၂ဝ              ၁ .၅ဝဝ                  ၁ .၄၆               ၄ .၁၆ဝ၃၈ လက်မသံဘီး         ၁ .၁၂              ဝ .၅ဝ              ဝ .၃၇၅                  ဝ .၃၆                ၁ .၂၃၅၂ သွားထယ်               ဝ .၉၅               ဝ .၃ဝ              ဝ .၃၈ဝ                  ဝ .၃၉               ၁ .ဝ၇ဝစုစုပေါင်း                    ၁၅ .ဝ၇            ၅ .၆ဝ               ၅ .၆၅၅                  ၅ .၂၁                ၁၆ .၄၆၅