Main menu

Background

မန္တလေးအိမ်ခြံမြေ (မြို့တွင်း) ငှားရမ်းခ ဈေးငြိမ်

Sun, 02/20/2011 - 09:49 -- Anonymous (not verified)

 မန္တလေးအိမ်ခြံမြေ (မြို့တွင်း) ငှားရမ်းခ ဈေးငြိမ်                 မန္တလေးမြို့တွင်းရှိ အိမ်၊ ခြံ၊ မြေငှားရမ်းခများ အပြောင်းအလဲမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့် ဈေးငြိမ်လျက်ရှိ ကြောင်း သိရပါတယ်။ 'မန္တလေးမြို့ ၇၃ လမ်း အရှေ့ခြမ်း တွင် တိုက်ခန်းအချို့ ဖျက်လျက်ရှိခြင်း ကြောင့်တိုက်ခန်းလိုအပ်ချက်ရှိလာသော် လည်း အငှားနည်းနေကြောင်း၊ နှစ်ဆန်းပိုင်းက အောင်တော်မူရပ်နဲ့ ဗထူးကွင်း တစ်ဝိုက်အိမ်ဝိုင်းများ အငှားရှိခဲ့ ကြောင်း၊ အငှားဈေးနှုန်းမှာ လမ်းမပေါ် ရှိ လမ်း ၃ဝ၊ ၇၃ လမ်းများတွင် ၅ သောင်းဝန်းကျင်သာ တက်ဈေးရှိခဲ့ ကြောင်း၊ ယခုလတွင် အငှားနည်း၍ ယခင်လဈေးအတိုင်းသာ ဈေးငြိမ်လျက် ရှိကြောင်း မန္တလေးမြို့ရှိ ဝါရင့်အိမ်ခြံမြေ မြေပွဲစားတစ်ဦးထံမှ သိရပါတယ်။ ၇၃ လမ်း အနောက်ခြမ်းရှိ လမ်း ၈ဝ၊ ၇၈ လမ်း၊ ၈၄ လမ်းမပေါ် တိုက်ခန်းများမှာ စီးပွားရေးလုပ်မည့်သူများ ငှားရမ်းမှုများပြီး နှစ်ချုပ်များဖြင့် ငှားရမ်းထားခြင်းကြောင့် ယခုနှစ်ဆန်းပိုင်းက အငှားအနည်းငယ်ရှိခဲ့ပြီး၊ ယခုလ ငှားရမ်းမှု မရှိကြောင်း၊ အနောက်ခြမ်းရှိ အိမ်ခန်းများ ငှားရမ်းမှုမှာလည်း ဈေးအတက်မရှိဘဲ ပုံမှန်ဖြင့် ဈေးငြိမ်လျက် ရှိကြောင်း၊ ယခင်နှစ်များက ၆ လလျှင် တစ်ကြိမ် ငှားရမ်းခနှုန်းများ တက်ခဲ့ကြောင်း သိရပါတယ်။                    အငှားဈေးနှုန်းများမှာ မန္တလေး အရှေ့ခြမ်း (မြို့တွင်း) တွင် တစ်လလျှင် ကျပ် ၅ သောင်းနဲ့ ၂ သိန်းခွဲကြားရှိ၍ မန္တလေးအနောက်ခြမ်းတွင် လမ်းမပေါ် တိုက်ခန်းဈေး ကျပ် ၅ သိန်းနဲ့ ၁၅ သိန်း ကြားရှိကြောင်း၊ အဆောက်အအုံ အကျယ်အဝန်း လမ်းသာတဲ့အပေါ် မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါတယ်။ ဇူူးးဇူူးး