Main menu

Background

ရန်ကုန်ကားလေလံပွဲပြီးသော်လည်း အရောင်းအဝယ်အသင့်အတင့်ရှိ

Sun, 02/20/2011 - 09:56 -- Anonymous (not verified)

 ရန်ကုန်ကားလေလံပွဲပြီးသော်လည်း အရောင်းအဝယ်အသင့်အတင့်ရှိ                   ရန်ကုန်မြို့တွင်းရှိ ကားပွဲစားဝိုင်းများတွင် ယခုတလော လေလံပွဲများအပြီး ရောက်ရှိလာသော ကားများနှင့် ယခင် ရှိပြီး ကားဟောင်းများ၊ စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများ ပြန်လည်ဝင်ရောက်လာကြသဖြင့် အနည်းငယ်ပြန်လည် စည် ကားလာခဲ့သည်။                   လေလံပွဲမတိုင်မီရက်များက ဝယ်ရောင်းအများစုမှာ လေလံပွဲသွားနေသဖြင့် လူနည်းပြီး စည်ကားမှုလျော့သွား သော်လည်း ယခုရက်ပိုင်းအတွင်း အောက်ကား၊ အလယ် အလတ် ကားအသန့်များအနည်းငယ်ပြန်၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ လေလံအောင်ပြီး ပြန်လည်ဆင်ယင်ရောင်းချကားများ၊ ဝယ်ယူခွင့် ပါမစ်ကျပြီးမှ တစ်ဆင့်ရောင်းချသည့် ကားများစသည်ဖြင့် အသင့်အတင့် အရောင်းအဝယ်ဖြစ်လာ ကြောင်း သိရသည်။                     သို့ရာတွင် ယခုကာလအရောင်းအဝယ်သည် ယခင်နှစ်ကုန် နှစ်လခန့်ကအောက်ကားများ ၁ဝ သိန်း၊ သိန်း ၂ဝခန့် အပေါ်ကားများ သိန်း ၅ဝ၊ သိန်း ၈ဝ ခန့် ပြန်မာခဲ့သော အခြေအနေအား မမီသော်လည်း အရင်ကနှင့်စာလျှင် အရောင်းများလာပြီး တစ်စီးစ၊ နှစ်စီးစ အရောင်းအဝယ်ဖြစ်  လာကြောင်း သိရသည်။ ယခုရက်ပိုင်း အတွင်းဝိုင်းများတွင် ၈၈ထုတ် အက်(စ်) အီး လီမိတက် (သ)အက္ခရာအား သိန်း ၂ဝဝ ခန့်ဖြင့် လည်းကောင်း၊ ၈၈ ထုတ်ကိုရိုလာဗင် ၂က (ဓာတ်ဆီ)အား သိန်း ၂၁ဝ ဖြင့်လည်းကောင်း၊ ၉၂ ထုတ် ၇က ဖင်ကောက်ဒီဇယ်စပ် အား ၃၇၅ သိန်းဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရသည်။                   ယခုလ ၁၆ ရက်က ကျင်းပပြီးစီးခဲ့သော နေပြည်တော် ကားလေလံတွင် အမြင့်ကား ဝက်ဂွန်များအများဆုံးပါဝင်ပြီး ပါဂဲျရိုးအား အဆင့်လိုက် သိန်း ၅ဝဝ မှ သိန်း ၇ဝ၀ ထိ လည်းကောင်း၊ ဆပ်(ဖ်)ဝက်ဂွန်အား အဆင့်လိုက် သိန်း ၅ဝဝ မှ သိန်း ၇ဝဝ အထက်ထိလည်းကောင်း သတ်မှတ်လေလံ အောင်ကြကြောင်း သိရသည်။                   ယခုနောက်ပိုင်း အမြင့်ကားဝယ်သည့် လူများသည် လည်း ပြုပြင်မွမ်းမံပြင်ဆင်ပြီးယာဉ်များသာ ရှာဝယ်ကြသဖြင့် လေလံအောင်ကားများအား အခြားကားထက်ပို၍ စိတ်ဝင်စားခံရခြင်းဖြစ်ကြောင်း အပေါ်ဝိုင်းမှ ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။ SN