Main menu

Background

ချင်းစိုဈေးကျ၊ ချင်းခြောက်ဈေးမာ

Sun, 02/20/2011 - 10:06 -- Anonymous (not verified)

ချင်းစိုဈေးကျ၊ ချင်းခြောက်ဈေးမာ                  ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ အောင်ပန်းဈေး ကွက်မှာ ဒီတပတ် ချင်းစိုဈေးက အနည်းငယ်ကျလာပြီး၊ ချင်းခြောက်ဈေးက ပြန်တက်လာပါတယ်။ ချင်းခြောက်တွေကလည်း ဈေးကွက်ကိုအများကြီး ဝင်မလာသေး ပါဘူး။ အောင်ပန်းဈေးကွက်မှာ ချင်း (စို) ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေး ရှိပါတယ်။                  ဟိုပုံးချင်းဈေးကွက်မှာတော့ အပင်ကျပြီး၊ အခက်လှတဲ့ ချင်း (စို) ကို တစ်ပိဿာ ၄၂ဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့သိရပါတယ်။ ပယ်ချင်းလို့ခေါ်တဲ့ ချင်းညံ့တွေကို အခြောက်ပြုလုပ်ဖို့ ဝယ်ယူနေကြပြီး၊ ချင်းခြောက်တွေ ကတော့ တပေါင်းလမှသာ အဝင်များလာမှာဖြစ်တယ်လို့သိရပါတယ်။ ဒီနှစ်က ပြည်ပဝယ် လက်တွေ အဝယ်ရပ် နေပြီး၊ ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေကြပါတယ်။ ဒီနှစ်ထွက်ချင်းကို အလှူပွဲမှာဧည့်ခံရန်၊ ဟင်းခတ် အမွှေး အကြိုင်အဖြစ် အသုံးပြုရန် အတွက်သာ ဝယ်ယူနေကြတဲ့အတွက် တစ်ရက်ကို ပိဿာချိန် ၁ သောင်း၊ ၁ သောင်းခွဲခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်း ခြောက်ဈေးက တစ်ပိဿာ ၁၆ဝဝ ကျပ်မှ ၁၈ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၂ဝဝဝ ကျပ်၊ ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ သိရှိရပါတယ်။ ဧဧခိုင်