Main menu

Background

ယခုအပတ် စစ်တွေအပြင် မူဆယ်နယ်စပ်မှ တင်ပို့မှုရှိ

Sun, 02/20/2011 - 10:15 -- Anonymous (not verified)

ယခုအပတ် စစ်တွေအပြင် မူဆယ်နယ်စပ်မှ တင်ပို့မှုရှိ                ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ ပုံမှန်တင်ပို့နေကျဖြစ်တဲ့ စစ်တွေနယ်စပ် အပြင် မူဆယ်နယ်စပ်မှလည်း ပရဆေးကုန်ကြမ်းအဖြစ်အသုံးပြုရန် ဒေသထွက်နနွင်းများကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ဟိုပုံးဒေသထွက် နနွင်းတက် ၆ ဒသမ ၇၉ တန်နဲ့ စစ်တွေနယ်စပ်မှ ၁ တန်၊ စုစုပေါင်း ၈ တန် နီးပါးတန်ဖိုးအားဖြင့် ၁၄၇ဝဝ ဒေါ်လာဖိုး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလထိ ကာလအတွင်း နယ်စပ်စခန်း များမှ နနွင်းတက် တန် ၁ဝဝဝ ကျော်တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။                                            MIRT (DOBT)