Main menu

Background

ဟိုပုံးနနွင်း ဈေးကွက်ကိုအဝင်လှိုင်

Sun, 02/20/2011 - 10:16 -- Anonymous (not verified)

ဟိုပုံးနနွင်း ဈေးကွက်ကိုအဝင်လှိုင်             နနွင်းအထွက်များပြီး၊ ပစ္စည်းကောင်းတဲ့ ဟိုပုံးနနွင်းခြောက်တွေလည်း ဈေးကွက်မှာ အဝင်များလာပြီဖြစ် ပါတယ်။ ဟိုပုံးတောင်ဖက်ခြမ်းဒေသဖြစ်တဲ့ ပေါက်လင်းနယ်ကနေ အများအပြားဝင်လာတာဖြစ်တယ်လို့ သိရ ပါတယ်။ မနှစ်က ဈေးကောင်းခဲ့လို့ ဒီနှစ်တောင်သူတွေ အစိုက်များတာကြောင့် နနွင်းအထွက်လည်း သိပ်မလျော့ခဲ့ ပါဘူး။ နာမည်ကြီး ဟိုပုံးနနွင်း ကလည်း ဈေးကွက်ကိုအတော်များများ ဝင်လာနေပြီလို့သိရပါတယ်။ ဒါပေမဲ့ ဒီနှစ်နနွင်း ဈေးကွက်က မနှစ်ကလောက် မသွက်ဘူးလို့ ဒေသခံကုန်သည်တွေထံမှသိရပါတယ်။ ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ နနွင်းပေါက်ဈေးက တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေး ရှိပါတယ်။                အောင်ပန်းဈေးကွက်မှာလည်း နနွင်းခြောက်တွေက အရင်တစ်ပတ်ကထက် ပိုပြီးဝင်လာတယ်လို့ သိရပါတယ်။ ချင်းလိုပဲ ပြည်ပဝယ်လိုအား ရပ်နေတာကြောင့် အရောင်းအဝယ်ကလည်း အနည်းငယ်အေးနေ တယ်လို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်နနွင်းခြောက်ဈေးက နနွင်းခြောက် (ရိုးရိုး) တစ်ပိဿာ ၂ဝဝဝ ကျပ်၊ ၂၅ဝဝ ကျပ်၊ ဆင်တောင်နနွင်းက ၃ဝဝဝ ကျပ်၊ ၃၅ဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာတော့ တစ်ပိဿာ ၂၃ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။                                                                                                                 ဧဧခိုင်