Main menu

Background

အဝယ်ပြန်သွက်လာလို့ အိန္ဒိယနနွင်းဈေးမြင့်တက်လာ

Sun, 02/20/2011 - 10:17 -- Anonymous (not verified)

အဝယ်ပြန်သွက်လာလို့ အိန္ဒိယနနွင်းဈေးမြင့်တက်လာ                အိန္ဒိယနိုင်ငံ နီဇမ်မာဘတ်မှာ အဝင်များသလို အဝယ်သွက်လာတာကြောင့် နနွင်းလက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့ပါတယ်။ ကြိုပွိုင့်အရောင်းအဝယ်သွက်လာတာကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်မှာ ၂ ဒသမ ၅၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အဓိကတော့ ပြည်တွင်းလှောင်လက်များက ဝယ်လိုအားတက်လာတာကြောင့် ဈေးနှုန်း ခိုင်မာနေတာဖြစ်ပါတယ်။             နီဇမ်မာဘတ်ဈေးကွက်ကို ယခင်ရက်များက အိတ် ၅ဝဝဝ ခန့်စီဝင်ရောက်ရာမှ ဖေဖော်ဝါရီလ ၁၆ ရက်မှာ အိတ် ၃ဝဝဝ ဝန်းကျင်ကို လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် နနွင်းထွက်ရှိမှုကို ၇ဝ ကီလိုပါ အိတ်ပေါင်း ၆၉ သိန်း ခန့်မှန်းထားရာ ယခင်နှစ်ထုတ်လုပ်မှု အိတ်ပေါင်း ၄၈ သိန်းထက် ပိုမိုနေပါတယ်။ ယခုနှစ်အတွင်း နနွင်ဈေးက တစ်တန်ကို ရူပီး ၁၁ဝဝဝဝ (ကန်ဒေါ်လာ ၂၄၃၁) ဈေးရှိနေလို့ နနွင်းစိုက်ပိုျးသူ များ အတွက် ဝမ်းမြောက်စရာ ဖြစ်နေပါတယ်။ လာမယ့်ရက်တွေမှာတော့ နနွင်းဝင်ရောက်မှုက ၃ဝ ရာခိုင်နှုန်းခန့် ကျဆင်းလာ နိုင်ပေမဲ့ ဈေးနှုန်းကတော့ မပြောင်းလဲနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ အကယ်လို့ အိန္ဒိယမြောက်ပိုင်းက အဝယ်ထပ် တက်လာရင်တော့ ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။           အီရော့ နနွင်းကုန်သည်များ ရောင်းချတဲ့ ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန်ကို ရူပီး ၈၆၃၃ဝ-၁၁၁ဝ၅ဝ (ကန်ဒေါ်လာ ၁၉ဝ၈-၂၄၅၅) ရှိပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၈၆ဝ၃ဝ-၁ဝ၈၁၄ဝ (ကန်ဒေါ်လာ ၁၉ဝ၂- ၂၃၉ဝ) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: business line