Main menu

Background

ပြည်ငရုတ်သီးစိမ်း ဈေးကွက်

Sun, 02/20/2011 - 10:21 -- Anonymous (not verified)

 ပြည်ငရုတ်သီးစိမ်း ဈေးကွက်                ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ဟာ ငရုတ်သီးစိမ်း အများဆုံးထွက်ရှိတဲ့ တိုင်းတစ်တိုင်းဖြစ်ပါတယ်။ သဲကုန်းမြို့ နယ်အတွင်းရှိ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်နယ်တစ်ဝိုက်မှ အများဆုံးထွက်ရှိ ပြီး၊ ရန်ကုန် (သီရိမင်္ဂလာဈေးသစ်) သို့ လည်း တိုက်ရိုက်တင်ပို့ကြောင်း သိရပါတယ်။ ယခုပြည်ဈေးကွက်တွင် ရောင်းချနေတဲ့ ငရုတ်သီးများမှာ ငရုတ်ရှည်ပွ၊ ငရုတ်ရှည်၊ ငရုတ်ပွကြီး၊ ပီနံသီး၊ ဂျီဆွယ်၊ ငရုတ်ရှည်ချိုပွတို့ ဖြစ်ကြပါတယ်။ ငရုတ်သီးဈေးနှုန်းများမှာ ငရုတ်ရှည်ပွ တစ်ပိဿာလျှင် ကျပ် ၄ဝဝဝ ၊ ငရုတ်ရှည် ကျပ် ၃ဝဝဝ၊ပီနံသီး ကျပ် ၁၅ဝဝဝ ရှိကြောင်း သိရပါတယ်။ ထိုငရုတ်သီး များကို ပြည်မြို့နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ဇီးအုပ် တို့မှလာရောက်ရောင်းချကြပြီး၊ သဲကုန်း မြို့နယ်ရှိ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ် တို့မှလည်း ပြည်ဈေးကြီးသို့ လာရောက် ရောင်းချကြောင်း သိရပါတယ်။ နေ့စဉ် ပြည်မြို့မှ တောင်ကုတ်သို့ ငရုတ်သီးစိမ်း အိတ် ၂ဝ မှ ၃ဝ အထိ တင်ပို့ကြပြီး၊ တစ်အိတ်လျှင် ပိဿာချိန် ၃၅-၄ဝ အထိ ပါဝင်ကြောင်းသိရပါတယ်။ အိအိခိုင်