Main menu

Background

ထိုင်းနှင့်အင်ဒိုနီးရှားဆန်အရောင်းအဝယ်တွင် သင်္ဘောတင်ပို့ရန် ညှိနှိုင်းမှုအဆင်မပြေ

Sun, 02/27/2011 - 03:53 -- Anonymous (not verified)

ထိုင်းနှင့်အင်ဒိုနီးရှားဆန်အရောင်းအဝယ်တွင် သင်္ဘောတင်ပို့ရန် ညှိနှိုင်းမှုအဆင်မပြေ                   ထိုင်းနိုင်ငံရဲ့ မိုးခေါင်ခြောက်သွေ့မှုကြောင့် ဂုံျဈေးနှုန်း မြင့်မားသော်လည်း ထိုင်းဆန်ဖြူပြည်ပတင်ပို့တဲ့ ဈေးနှုန်းမှာ အနည်းငယ်သာဈေးမြင့်လာကြောင်း သိရပါတယ်။ ထိုင်း အစိုးရက သိုလှောင်ထားတဲ့ ဆန်များအနက် တန်ချိန် ၉ဝဝဝဝဝ ကိုရောင်းချဖို့ စီစဉ်နေခြင်းက ဈေးနှုန်းကို ဖိအား ပေးနေကြောင်း သိရပါတယ်။                ၎င်းသိုလှောင်ဆန်များ ထပ်မံရောင်းချဖို့ စီစဉ်နေချိန်တွင် ထိုင်းအစိုးရက အင်ဒိုနီးရှားကို ရောင်းချဖို့ မျှော်မှန်းထားတဲ့ ဆန်တန်ချိန် ၈၂ဝဝဝဝ အစား တန်ချိန် ၃၅၁ဝဝဝ သာရောင်းချတော့မယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားကို သင်္ဘောနဲ့ ဆန်တင်ပို့ဖို့ အချိန်ကာလတိုးမြှင့်ပေးရန် ညှိနှိုင်းမှုအဆင်မပြေကြောင်း၊ အင်ဒိုနီးရှားက ဆန်တင်ပို့မှုကို မတ်လအထိသာ လက်ခံနိုင်သော်လည်း ထိုင်းက မေလအထိ အချိန်ကာလတိုး  မြှင့်ပေးဖို့ တောင်းဆိုခဲ့လို့ဖြစ်ကြောင်း သိရပါတယ်။ဒါကြောင့် အင်ဒိုနီးရှားက ထိုင်းဆန်အစား ဗီယက်နမ်ဆန်ကို ဝယ်ယူတင် သွင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ပပ၊ ှSource:bangkokpost.com