Main menu

Background

လာအိုနိုင်ငံက ဆန်သိုလှောင်ဖို့ သုံးစွဲငွေ သတ်မှတ်

Sun, 02/27/2011 - 03:53 -- Anonymous (not verified)

လာအိုနိုင်ငံက ဆန်သိုလှောင်ဖို့ သုံးစွဲငွေ သတ်မှတ်                   ယခုနှစ် ဆန်ပြတ်လပ်မှုမရှိစေရေး ပြင်ဆင်မှုအနေနဲ့ ဆန်သိုလှောင်ဖို့အတွက် လာအိုအစိုးရက သုံးစွဲငွေ ကန် ဒေါ်လာ ၆၂၅ဝဝဝ ကို ခွင့်ပြုခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ ပါတယ်။ စိုက် ပိုျးရေးဝန်ကြီးဌာနက ယခုနှစ် ပြည်နယ်များစွာမှာ ဆန်ပြတ်လပ်မှုရှိမယ်ဆိုတဲ့ ခန့်မှန်းချက်အရ ယခုလို ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။                  လယ်သမားတွေဆီက ဆန်ဝယ်ယူဖို့ ပုဂ္ဂလိကကုမ္ပဏီများကို စီးပွားရေးဘဏ်က အတိုးနှုန်းသက်သာစွာနဲ့ငွေချေး ပေးသွားမယ်လို့ သိရပါတယ်။ လာအိုနိုင်ငံဟာ ၂ဝ၁ဝ ခုနှစ်အတွင်းရေလွှမ်းမိုးမှုရော မိုးခေါင်တာကြောင့်ပါ လယ်ကွင်း ဟက်တာထောင်ပေါင်းများစွာ ပျက်စီးခဲ့တဲ့အတွက် ယခုနှစ် ဆန်ဈေးမြင့်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ဆန်ထုတ်လုပ်မှုကို တန်ချိန် ၃ ဒသမ ၃ သန်းရည်မှန်းထားပေမဲ့ တန်ချိန် ၃ ဒသမ ၂၆ သန်းသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လူဦးရေ ၆ ဒသမ ၅ သန်းရှိတဲ့ လာအိုနိုင်ငံဟာ အဓိကစားသုံးတဲ့ ဆန်ဖူလုံအောင် ကြိုးပမ်းလျက် ရှိပါတယ်။ လမင်းး၊ှSource: Vientiane Times