Main menu

Background

ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့ဖို့ အိန္ဒိယတင်ဒါခေါ်ယူ

Sun, 02/27/2011 - 04:00 -- Anonymous (not verified)

ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့ဖို့ အိန္ဒိယတင်ဒါခေါ်ယူ              ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၃ သိန်းတင်ပို့ဖို့ ဈေးနှုန်းရော အရည်အသွေးပါ အပြီးသတ်သဘောတူညီပြီး တဲ့နောက် အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဖြစ်တဲ့ PEC နဲ့ STC  ဟာ ပြည်တွင်းကုမ္ပဏီများကို ဘာစမာတီမဟုတ်တဲ့ ဆန် ၃ သိန်းတင်ပို့ဖို့ တင်ဒါများခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီတင်ဒါကို ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာဝန်ကြီး မိုဟာမက်ဘဗ္ဗဒူလာရာဇက်နဲ့ အိန္ဒိယစားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်နဲ့ တွေ့ဆုံပြီး ဈေးနှုန်းနဲ့ အရည်အသွေး ကိစ္စဆွေးနွေးအပြီးမှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။                တင်ဒါစံသတ်မှတ်ချက်တွေအရ ဘာစမာတီမဟုတ်တဲ့ ပေါင်းဆန် ၃ သိန်းကို အင်ဒရာပရာဒေ့ရှ်က ကာကီနာဒါဆိပ်ကမ်းဝန်းကျင်မှ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းနဲ့ မောင်းလာဆိပ်ကမ်းတွေကို တင်ပို့ရမယ်လို့ သိရပါတယ်။ လမင်း၊ ှSource: oryza .com