Main menu

Background

ကျူးဘားနိုင်ငံက ကနဦးရည်မှန်းချက်ထက်ပိုပြီး ဆန်တင်သွင်းမယ်

Sun, 02/27/2011 - 04:00 -- Anonymous (not verified)

ကျူးဘားနိုင်ငံက ကနဦးရည်မှန်းချက်ထက်ပိုပြီး ဆန်တင်သွင်းမယ်              ကျူးဘားအစိုးရအပတ်စဉ်ထုတ်ပြန်တဲ့ မကြာသေးခင် က အစီရင်ခံစာအရ နိုင်ငံလယ်ယာကဏ္ဍမှာ စီမံအုပ်ချုပ်နိုင် ခြင်းမရှိလို့ ပြည်တွင်းထုတ်လုပ်မှုထက် ၂ ဆပိုတင်သွင်းမယ့် ကနဦးအစီအစဉ်ထက်ပိုပြီး ယခုနှစ်တင်သွင်းရမယ်လို့ သိရပါ တယ်။ တရုတ်နဲ့ ဗီယက်နမ်တို့က ဆန်စိုက်ပျိုးခြင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တွေမှာ ရင်းနှီးမြှုပ်နံှမယ်ဆိုပေမဲ့ ဆန် ပိုတင်သွင်းရမယ့် အစီအစဉ်ကိုတော့ ချမှတ်ခဲ့ပါတယ်။ ကျူးဘားစိုက်ပျိုးရေးဝန်ကြီးဌာနက ၂ဝ၁၃ ခုနှစ်ရောက် ရင် ဆန်တင်သွင်းမှုရဲ့ ၅၉ ရာခိုင်နှုန်းကို အစားထိုးဖို့ ရည်ရွယ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ဆန်တင်သွင်းမှု အစားထိုး အစီအစဉ်ကို လည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးဒုတိယ ဝန်ကြီး Juan Perez Lamas က လယ်သမားတွေနဲ့ တွေ့ဆုံ တဲ့အစည်းအဝေးတစ်ခုမှာ ပြောကြားရာမှာ စပါးစိုက် ဧရိယာများစွာရှိပေမဲ့ ထရက်တာများ၊ အခြေခံစက်များရှားပါး ခြင်းနဲ့ ဆည်မြောင်းစနစ်များ ပျက်စီးယိုယွင်းနေခြင်းတို့ ကြောင့် စပါးအထွက်နှုန်းလျော့ကျခြင်းဖြစ်ကြောင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။ လဝန်း၊ ှSource: oryza .com