Main menu

Background

ဘင်္ဂလားဒေ့ရှ်က ဈေးနှုန်းထိန်းချုပ်ဖို့ ဆန်နဲ့ ဂံျုတန်ချိန် ၁ ဒသမ ၄ သန်းတင်သွင်းမယ်

Sun, 02/27/2011 - 04:06 -- Anonymous (not verified)

ဘင်္ဂလားဒေ့ရှ်က ဈေးနှုန်းထိန်းချုပ်ဖို့ ဆန်နဲ့ ဂံျုတန်ချိန် ၁ ဒသမ ၄ သန်းတင်သွင်းမယ်                 ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဈေးနှုန်းထိန်းချုပ်ဖို့အတွက် ဆန်နဲ့ ဂံျုတန်ချိန် ၁ ဒသမ ၄ သန်းတင်သွင်းဖို့ ဆောင်ရွက် နေတယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဝန်ကြီးချုပ် Sheikh Hasina  က ပြောကြားပါတယ်။ အစိုးရအနေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိအားပေးပြီး ဈေးနှုန်းထိန်းချုပ်ဖို့ အစီအစဉ်မရှိပေမဲ့ စားနပ်ရိက္ခာ သီးနံှတွေ သိုလှောင်ထိန်းသိမ်းထားတဲ့ သူတွေကိုတော့ အရေးယူသွားမယ်လို့ ဝန်ကြီးချုပ်က သတိပေးပြောကြားကြောင်း သိရပါတယ်။ ဆန်နဲ့ ဂံျုကို အစိုးရအချင်းချင်းသဘောတူညီချက်တွေနဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ရုရှားနဲ့ ယူကရိန်းတို့က တင်သွင်းသွားမယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။ ပြည်တွင်းကိုဆန်နဲ့ ဂံျုပမာဏ တော်တော်များများ ရောက်ရှိပြီးသားဖြစ်ကြောင်းနဲ့ သကြားတန်ချိန် တစ်သိန်းတင်သွင်းဖို့လည်း အစိုးရက ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။ လဝန်းး၊Source: riceonline