Main menu

Background

အိန္ဒိယ မတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၇ဝ ဝန်းကျင်ကျဆင်း

Sun, 02/27/2011 - 04:18 -- Anonymous (not verified)

 အိန္ဒိယ မတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၇ဝ ဝန်းကျင်ကျဆင်း             အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ၂ဝ၁၁ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ရာမှာ တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၇ဝ ဝန်းကျင် ကျဆင်းလာတာ တွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် သိပ် မရှိတော့ပေမဲ့ တချို့ဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်မှုရှိနေတဲ့အပြင် ပဲခွဲစက်နဲ့ ကုန်သည်တွေရဲ့ ဝယ်လိုအားနည်းမှုကြောင့် ဈေးလျော့ကျလာခြင်း ဖြစ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက တင်သွင်းမတ်ပဲတွေလည်း ဝင်ရောက်လာ တော့မှာဖြစ်လို့ ဈေးနှုန်းအကျဘက်ဆင်းနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဇန်န ဝါရီလနဲ့ ဖေဖော်ဝါရီလ ကာလတူ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F ဈေး များကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                 ဒေါ်လာ/တန်                       မွန်ဘိုင်းဈေးကွက်                     မွန်ဘိုင်း(C & F ) ၂၄-၂-၁၁                ၈၉၃                                    ၉၇ဝ-၉၅ဝ ၂၄-၁-၁၁            ၉၄၃-၉၆၅                                    ၉၈ဝ MIRT(MAPT)