Main menu

Background

အုတ်ဖိုဈေးကွက်သို့ မတ်ပဲသစ်များဝင်လာပြီ

Sun, 02/27/2011 - 04:21 -- Anonymous (not verified)

အုတ်ဖိုဈေးကွက်သို့ မတ်ပဲသစ်များဝင်လာပြီ                      ပဲခူးတိုင်းဒေသကြီးအနောက်၊ အုတ်ဖိုမြို့နယ်တွင် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီဒုတိယပတ်မှစပြီး၊ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများမှ ပေါ်ဦးပေါ်ဖျား မတ်ပဲများကို အဝယ်ဒိုင်များသို့ တစ်တင်းနှစ်တင်းနှုန်းဖြင့် နေ့စဉ် စတင်ရောင်းဝယ်လျက်ရှိကြရာ တစ်နေ့လျှင်တစ်တင်းခွဲအိတ်ဖြင့် အိတ် ၃ဝ မှ ၅ဝ၊ တင်းအရေအတွက်အားဖြင့် ၆ဝ တင်းမှ ၇ဝ တင်းအထိ နေ့စဉ်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး၊ မတ်ပဲအသစ်အဟောင်း ၂၂ ပိဿာ တစ်တင်းလျှင် ၂၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ရန်ကုန်ဝယ်လက်များလည်း ပုံမှန် အတိုင်းသာရှိပါတယ်။ ယခင်နှစ် မတ်ပဲသစ်ပေါ်ချိန်တွင် ပေါ်ဦးပေါ်ဖျားဈေး ၁၈ဝဝဝ ကျပ်သာရှိပြီး၊ ယခုနှစ်ပေါ်ဦးဈေး ၂၄၅ဝဝ ကျပ် ရရှိကြသဖြင့် တောင်သူများ အကျိုးအမြတ် ပိုမိုရရှိကြပါတယ်။ ရန်ကုန်တင်ပို့နိုင်မှုမှာလည်း ယခုတတိယ ပတ်အတွင်း တစ်တင်းခွဲအိတ်ဖြင့် မတ်ပဲအသစ်အဟောင်း အိတ်ရေ ၂၁ဝဝ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။ HO