Main menu

Background

ပဲတီစိမ်းတင်ပို့မှု ယခင်အပတ်ထက် ပိုမို

Sun, 02/27/2011 - 04:50 -- Anonymous (not verified)

 ပဲတီစိမ်းတင်ပို့မှု ယခင်အပတ်ထက် ပိုမို                   ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ တစ်ဖက်အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်း ၃၃၁၉ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၄၇၉၈ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၃၇၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ တင်ပို့မှုထက် တန်ချိန် ၉၂ဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း ၁၁၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်က တရုတ်ကိုတင်ပို့တဲ့ ပဲတီစိမ်းဟာ မန္တလေးနဲ့ စစ်ကိုင်း တိုင်းဒေသကြီးထွက်ကုန်များဖြစ်ပြီး စစ်တွေကတင်ပို့တဲ့ ပဲတီစိမ်းကတော့ ကျောက်တော်နဲ့ မင်းပြားဒေသထွက်ကုန်များ ဖြစ်ပါတယ်။ ယခုအပတ်ပြည်တွင်းဈေးနှုန်းမှာ ပဲတီစိမ်းရွှေဝါတစ်တန်ကို ကျပ် ၁ ဒသမ ၃၂၈သန်းမှ ၁ ဒသမ ၃၅၅ သန်းထိ၊ ပဲတီစိမ်း(ကြီး) တစ်တန်ကို ကျပ် ဝ ဒသမ ၈၁၇ သန်းမှ ဝ ဒသမ ၉၈ဝ သန်းနဲ့ ပဲတီစိမ်း အညာတစ်တန်ကို ကျပ် ဝ ဒသမ ၉၈ သန်းထိရှိနေပြီး ရွှေလီဘက်မှာ ဈေးပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက်မူဆယ်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                                           မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု                   ယခင်       ပြောင်းလဲမှု     %          ယခု            ယခင်  ပြောင်းလဲမှု  %ပဲတီစိမ်း              ၁၂၁၇၃၆၁           ၁၂ဝ၉၂၃၆     ၈၁၂၅         ဝ .၇       ၁၄ဝ၉          ၁၄၂၄      ၁၅          ၁MIRT (DOBT)