Main menu

Background

ပဲတီစိမ်း အကြီးထက် အသေးအရောင်းသွက်

Sun, 02/27/2011 - 04:52 -- Anonymous (not verified)

ပဲတီစိမ်း အကြီးထက် အသေးအရောင်းသွက်                     မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်မှ ပဲတီစိမ်းများ မုံရွာမြို့ကို လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ရန်ကုန်အိတ်စပို့ ဝယ်လက်သမားများက ပဲတီစိမ်းအသေးကို ဝယ်ယူကြလို့ ပဲတီစိမ်းအကြီးထက် အသေးက အရောင်းအဝယ်သွက်ကြောင်း မုံရွာကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းအကြီးတင်း ၄ဝဝ ခန့်နဲ့ ပဲတီစိမ်း အသေးတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဖေဖော်ဝါရီလ ၂၃ ရက် အတွင်း ပဲတီစိမ်း တစ်ပိဿာပေါက်ဈေး အနိမ့်အမြင့်မှာ ပဲတီစိမ်းကြီး ၁၃၁၆ ကျပ် ၁၅၇၉ ကျပ်၊ ပဲတီစိမ်းအသေး ၁၁၈၄ ကျပ်၊ ၁၃၁၆ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးသို့ တင်း ၅ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်