Main menu

Background

ပဲတီစိမ်း ဈေးအေးသော်လည်း တရုတ်ဈေးကွက်ပုံမှန်တင်ပို့

Sun, 02/27/2011 - 04:54 -- Anonymous (not verified)

ပဲတီစိမ်း ဈေးအေးသော်လည်း တရုတ်ဈေးကွက်ပုံမှန်တင်ပို့                 မန္တလေးဈေးကွက်ကို ရွှေဘို၊ မုံရွာမှ ပဲတီစိမ်းများ ခရမ်းသုံးခွမှ ပဲတီရွှေဝါများနဲ့ ပဲခူး၊ ဒိုက်ဦးဘက်မှ ပဲတီစိမ်းများ ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ဈေးကွက်မှာ ခရမ်းရွှေဝါစက ဈေးကောင်းရနေပါတယ်။ ဖေဖော်ဝါရီ ဒုတိယပတ်ထက် ပဲတီစိမ်းဈေးအေးလာတယ်လို့ ဆိုပေမဲ့ တရုတ်ဈေးကွက်တင်ပို့မှုက ပိုလာတာကို တွေ့ရပါတယ်။ ပဲတီရွှေ့ဝါစက ဖေဖော်ဝါရီ ဒုတိယပတ်မှာ တစ်ပိဿာ ၂၂၅၈ ကျပ်၊ ၂၂ဝဝ ကျပ်ဝန်းကျင်ရှိခဲ့ပေမဲ့ လတ်တလော ၂၁၆၉ ကျပ်၊ ၂၁၃၃ ကျပ်ထိ ဈေး အေးလာခဲ့ပါတယ်။ ပဲတီစိမ်းကြီး (ရိုးရိုး)က ဖေဖော်ဝါရီ ဒုတိယပတ်မှာ ၁၆ဝဝ ကျပ်၊ ၁၄၂၂ ကျပ်နဲ့ အရည်အသွေး ပေါ် မူတည်ပြီး ပေါက်ဈေးရှိခဲ့ကာ လတ်တလောမှာ ၁၆ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၃၃၃ ကျပ်ထိ ဈေးပေါက်နေပါတယ်။ တရုတ် ဈေးကွက်ကို ၂ဝ၁၁ ဇန်နဝါရီလမှာတော့ တတိယပတ်အထိ တန် ၄၆၅ဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ အရင်နှစ် ၂ဝ၁ဝ ဖေဖော်ဝါရီလတုန်းက တန် ၄၅ဝဝ ကျော် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ သက်သက်နိုင်