Main menu

Background

ပဲအသစ်ဝင်ရောက်လာလို့ ကုလားပဲဈေးကျလာ

Sun, 02/27/2011 - 04:56 -- Anonymous (not verified)

 ပဲအသစ်ဝင်ရောက်လာလို့ ကုလားပဲဈေးကျလာ                  ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီ တတိယပတ်မှ စပြီး ကုလားပဲသစ်များ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပန်းတောင်းဘက်က အဝင်ရှိသလို မကွေးတိုင်းမှာ လည်း အဝင်ရှိလာကြောင်း သိရပါတယ်။ ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၂၂ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာ တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။ ပဲခွဲစက်သမားများကလည်း ပဲအဟောင်းလက်ကျန်များကို ခွဲခြမ်းပြုလုပ်ရောင်းချခြင်းရှိပြီး အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲအသစ်များမှာ အဝင် ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း