Main menu

Background

ဝယ်လိုအားနည်းလို့ အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်း

Sun, 02/27/2011 - 04:58 -- Anonymous (not verified)

ဝယ်လိုအားနည်းလို့ အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်း                     အိန္ဒိယပြည်တွင်း ကုလားပဲဈေးကွက်တွေမှာ လက်လီအရောင်းဆိုင် များနဲ့ ပဲခွဲစက်များက ဝယ်လိုအား နည်းတဲ့အပြင် မဟာရပ်ရှတရာဒေသက ပဲအသစ်တွေ ဝင်လာတဲ့အတွက် ကုလားပဲဈေးအကျဘက် ဆင်းနေကြောင်းသိရပါ တယ်။ အင်ဒိုရီဈေးကွက်တွေကို ကုလားပဲအသစ်အိတ် ၈ဝဝ-၁ဝဝဝ ခန့် စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။                    ပဲအသစ်တွေ တိုးတက်ဝင်ရောက်လာတော့မှာဖြစ်သလို ဝင်လာတဲ့ ပဲအသစ်များကလည်း အစိုဓါတ် ပါဝင်မှုတွေကြောင့် အင်ဒိုရီဈေးကွက်မှာ တစ်တန် ကို ရူပီး ၂၄ဝဝဝ-၂၅၂ဝဝ (ကန်ဒေါ်လာ ၅၃၁-၅၅၇) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အစောပိုင်းက ပဲအထွက်တိုးမယ် ခန့်မှန်းကြပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ မိုးရွာတဲ့အတွက် စိုက်ပျိုးမှုနောက်ကျခြင်းနဲ့ အအေးပိုခြင်းတို့ကြောင့် ၁ဝ-၁၅ ရာခိုင်နှုန်းခန့် အထွက်လျော့ကျ နိုင်တယ်လို့ ကုန်သည်တစ်ဦးဖြစ်တဲ့ Mr Rahul Vohra  က သုံးသပ်ထားပါတယ်။                  ယမင်းခင်၊Source: business standard