Main menu

Background

ထောပတ်ပဲတန်ချိန် ၁၄ဝ ကျော်ပဲ ပို့နိုင်

Sun, 02/27/2011 - 05:01 -- Anonymous (not verified)

ထောပတ်ပဲတန်ချိန် ၁၄ဝ ကျော်ပဲ ပို့နိုင်                    ပင်လယ်ရေကြောင်းက ဂျပန်၊ ကိုရီးယားတွေက အဝယ်ရှိတဲ့ ထောပတ်ပဲကို ဒီတစ်ပတ် (ဖေဖော်ဝါရီလ ၁၇ ရက် ၂၂ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝ ခန့် သာ တင်ပို့မှုရှိလို့ ယခင်သီတင်းပတ်တွေထက် တိုးတက်မှု မရှိတာတွေ့ရပါတယ်။ ပြည်တွင်းပဲထွက်ရာဒေသတွေက ထောပတ်ပဲတွေ ထွက်လာပြီဖြစ်ပေမဲ့ အစိုက်နည်း လာကြလို့ ထောပတ်ပဲက ရှားကုန်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်သီတင်းပတ်ထက် အနည်းငယ်ပိုပြီး  FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ရှိကြောင်း သိရပါတယ်။                                                                                                                              MIRT - MAPT