Main menu

Background

ပြည်ပဲကြီးအသစ်များ ဝင်ရောက်မှုများပြီး ဈေးကျလာ

Sun, 02/27/2011 - 05:03 -- Anonymous (not verified)

ပြည်ပဲကြီးအသစ်များ ဝင်ရောက်မှုများပြီး ဈေးကျလာ                       ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီလလယ်မှစလို့ ပဲကြီးအသစ်များ စတင် ဝင်ရောက်လျက်ရှိရာ ယခု ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဒေသတွင်းမှ ဝင်ရောက်မှု သာမက မကွေးတိုင်းဒေသကြီးဘက်မှလည်း အိတ် ၁ဝဝ ကျော် ဝင်ရောက် လာခဲ့ပါတယ်။ ယခုနှစ် ပဲကြီးသစ်ပေါ်စအဖွင့်ဈေးမှာ တစ်တင်း ၂၆၅ဝဝ ကျပ် ဈေးစဖွင့်ခဲ့ပြီး ဝင်ရောက်မှုများလာတဲ့အတွက် ယခုတစ်ပတ်မှာ ဈေးအနည်းငယ် ကျသွားခဲ့ကာ တစ်တင်း ၂၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပဲကြီးအဟောင်းဈေးမှာ တစ်တင်း ၂၅ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အဟောင်းရောအသစ်ပါ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း