Main menu

Background

ယခင်နှစ်ကလို ဈေးကောင်းမရခဲ့တဲ့ ပြည်ပဲနောက်

Sun, 02/27/2011 - 05:06 -- Anonymous (not verified)

ယခင်နှစ်ကလို ဈေးကောင်းမရခဲ့တဲ့ ပြည်ပဲနောက်                    ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနံှနဲ့အတူ ဝင်ရောက်တဲ့ ပဲနောက်သီးနံှ သည်လည်း ယခုပဲတီစိမ်း အဝင်ပါးချိန်တွင် ပဲနောက်သီးနံှပါ အဝင်ပါးခဲ့တာကို တွေ့ရပါတယ်။ လက်ကျန်ပဲများသာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းမှာ တစ်တင်း ၂၆၅ဝဝ ကျပ်ဖြင့် လက်လီသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခင်နှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ပဲနောက်တစ်တင်းဈေးမှာ ၃ဝဝဝဝ ကျပ် အထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်မှာတော့ တစ်တင်း ၂၆၅ဝဝ ကျပ်သာ ရရှိခဲ့တဲ့ အတွက် ယခင်နှစ် ဈေးနှင့်ယှဉ်ရင် တစ်တင်း ၃၅ဝဝ ကျပ် ခန့်ဈေးလျော့နည်း ကြောင်း သိရပါတယ်။                                                                                                  ခင်ဆွေဝင်း