Main menu

Background

နှစ်စဉ်ပုံမှန်စိုက်ပျိုးနေတဲ့ ကြက်သွန်နီ

Sun, 02/27/2011 - 05:11 -- Anonymous (not verified)

 နှစ်စဉ်ပုံမှန်စိုက်ပျိုးနေတဲ့ ကြက်သွန်နီ                 ဈေးကွက်တွင် ဝယ်လိုအားကောင်း သောကြက်သွန်နီကို ပြည်ပတင်ပို့နိုင် ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများမှ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်မှစ ပြီး မြေလွတ်မြေရိုင်းများ ရှာဖွေဖော် ထုတ်စိုက်ပျိုးနေကြောင်း သိရပါတယ်။ ပြည်တွင်းစားသုံးမှုကို မထိခိုက်စေဘဲ မြေယာသစ်မှထွက်ရှိသော သီးနံှအနေ နှင့် ပြည်ပတင်ပို့ရန် ရည်ရွယ်စိုက်ပျိုး  ခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ်။                 မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာတွင် မြေယာသစ် ဖော်ထုတ်၍ ကြက်သွန်နီစိုက်ပျိုးသော ရွှေကျားရာဇာကုမ္ပဏီစိုက်ခင်းတာဝန်ခံ ဦးအောင်မျိုးနဲ့တွေ့ဆုံခဲ့ရာမှာ ''ထမ္မကြီးကျေးရွာမှာ မြေယာသစ် ၂ဝ၉ ဧကရယူထားပြီး၊ ကြက်သွန်နီကို နှစ်စဉ်စိုက်ပျိုးခဲ့ပါတယ်။ မိုး၊ ဆောင်းနှစ်သီးစိုက်ပျိုးပြီး မိုးကိုပိုမို စိုက်ပျိုးပါတယ်။ အရင်နှစ်ကမိုးစိုက်ဧက ၁ဝဝ နဲ့ ဆောင်းစိုက်ဧက ၇၇ ဧကစိုက်ပျိူးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုအခြေအနေအရရော ဈေးနှုန်းအခြေအနေ အရရော အစိုက်နောက်ကျခဲ့လို့ မိုးစိုက်ဧက ၅ဝ နဲ့ ဆောင်းမှာ ကုမ္ပဏီသီးသန့်အနေနဲ့ ဧက ၃ဝ တောင်သူကို မျိုးပေးစိုက် စရိတ်ပေးပြီး ဧက ၄ဝ စိုက်ပျိုးထားပါတယ်။ အထွက်နှုန်းကတော့ ဒီနှစ်မှာလည်း အရင်နှစ်အထွက်နှုန်းအတိုင်း တစ်ဧက ပိဿာသုံးထောင်ကျော်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စိုက်စရိတ်အနေနဲ့ ဒီနှစ်မျိုးဈေးသက်သာတဲ့အတွက် စိုက်စရိတ် သက်သာခဲ့ပါတယ်။ အရင်နှစ်က တစ်ဧကခြောက်သိန်းကျော်လောက်ကုန်ရာက ဒီနှစ်မှာ တစ်ဧကငါးသိန်းကျော်ပဲ ကုန် ကျခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။                  ဆက်လက်ပြီး ''ဈေးကွက်အနေအထားကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ပြည်ပတင်ပို့ခွင့်ရခဲ့ပြီး အကျိုးအမြတ်ဖြစ်ထွန်းမှု ရှိခဲ့ပါတယ်။ မနှစ်ကတော့ ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်မရခဲ့ပေမဲ့ ပြည်တွင်းဈေးကောင်းတာကြောင့် အကျိုးအမြတ် ဖြစ်ထွန်းမှုရှိပြီး ဒီနှစ်မှာလည်း အကိုျးအမြတ်ဖြစ်ထွန်းမယ်လို့ မျှော်မှန်းထားပါတယ်။ ပြည်တွင်းပြည်ပ ဝယ်လိုအားရှိတဲ့ ကြက်သွန်နီ ကို နှစ်စဉ်စိုက်ပျိုးသွားမှာဖြစ်ပါတယ်''လို့ ကုမ္ပဏီတာဝန်ခံတစ်ဦးအနေနဲ့ ပြောကြားချက်အရ သိရပါတယ်။                                           သင်းးသင်းးမြတ်