သြဂဲနစ်မြေသြဇာ တင်သွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ရှစ်ရာနှစ်ဆယ့်ရှစ်တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၂၄၄၂၆ဝ ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ဘူဂေးရီးယားနိုင်ငံမှ သြဂဲနစ် မြေသြဇာ တန်ချိန် ၅ဝဝ နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်နဲ့ အခြားဓာတ်မြေသြဇာ တန်ချိန် ၃၂၈ တန် အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် အဝင်မရှိခဲ့တဲ့ ဓာတ်မြေသြဇာက ဒီတစ်ပတ်မှာ ပြန်လည်တင်သွင်းလာတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် နှစ်ရာကျော်သာတင်သွင်းခဲ့တဲ့အတွက် ဒီတစ်ပတ်မှာ အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတင်သွင်းမှု တန်ချိန် ၁၂၈ဝဝ ကျော်ရှိ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ဝ၅၁ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၈၃၉ တန်ခန့် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေက တော့ မူဆယ်မှ ၁၂ဝ၅၈ တန်၊ ရိဒ်မှ ၆၅၆ တန်ကျော်၊ ကော့သောင်းမှ တန် ၈ဝ၊ တာချီလိတ်မှ ၃၈ တန်ကျော်နဲ့ တမူးမှ ၅ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ ယခုအပတ် အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ Urea ၊ Ammonium Nitrate ၊ Compound Seed Fertilizer နဲ့ Nitric Phosphate တို့ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ တီစူပါ မြှား(တရုတ်) ၂၄ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၅ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၈ဝဝ တီစူပါGTSP 46% ၂၃၁ဝဝ တီစူပါ GSSP 16% ၉၈ဝဝ တီစူပါ GSSP 12% ၉၁ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ယူရီးယား (ပုလဲ-ယူအေအီး) ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝ တောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၃ဝဝဝ တီစူပါ-(တရုတ်) 12% ၁ဝဝဝဝ တီစူပါ-(တရုတ်) 16% ၁၂ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၄ဝဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၆၅ဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝ ဓာတ်ဆား (တရုတ်) ၁၆ဝဝဝ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၅ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၇၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၃ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ MIRT (MAPT)
Background