Main menu

Background

နှမ်းတင်ပို့မှု ပုံမှန်သာရှိ

Sun, 02/27/2011 - 06:33 -- Anonymous (not verified)

နှမ်းတင်ပို့မှု ပုံမှန်သာရှိ               ယခုဖေဖော်ဝါရီလ တတိယပတ်မှာလည်း ယခင်သီတင်းပတ်လိုပဲ နှမ်းတင်ပို့မှုက တန်ချိန် ၄ဝဝ နီးပါးသာရှိ တာတွေ့ရပါတယ်။ ဒီတစ်ပတ် နှမ်းတင်ပို့တဲ့ နိုင်ငံတွေက ကိုရီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဖြစ်ပါတယ်။ ဂျပန် ဝယ်လက်တွေက မြန်မာနှမ်းကို ဝယ်လိုအားကောင်းပေမဲ့ နှမ်းတင်ပို့ရာမှာတော့ ဓာတုဓာတ်ြွကင်းပါဝင်မှုကိုတော့ အလေးထား စစ်ဆေးတင်ပို့ရတယ်လို့ နှမ်းကုန်သည်တွေက ဆိုပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာလည်း ဆီစက်သမားတွေရော နယ်စပ်တရုတ်ဘက်ကပါ အဝယ်ရှိနေလို့ ဈေးကောင်းနေဆဲဖြစ်တာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင် သီတင်းပတ်အတိုင်း သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅ -၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT