Main menu

Background

အထွက်လျော့တဲ့ ရှမ်းပန်းနှမ်းအဝင်လည်းနည်းလို့ ဈေးမာ

Sun, 02/27/2011 - 06:38 -- Anonymous (not verified)

အထွက်လျော့တဲ့ ရှမ်းပန်းနှမ်းအဝင်လည်းနည်းလို့ ဈေးမာ               ရှမ်းပြည်နယ်တောင်ပိုင်း ပန်းနှမ်းဈေးကွက်မှာလည်း ဈေးမာလျက်ရှိတာတွေ့ရပါတယ်။ ဒီနှစ်ပန်းနှမ်းမှာ ယခင် နှစ်ထက် အထွက်အနည်းငယ်လျော့လို့ ယခင်နှစ်ကထက်စောပြီး ပစ္စည်းပြတ်သလိုဖြစ်သွားပါတယ်။ ဈေးကွက်လက်ကျန် နည်းလာလို့ ဈေးကလဲတက်လာပါတယ်။ ယခင်တစ်ပတ်က ပန်းနှမ်းတစ်ပိဿာ ၁၃၂ဝ ကျပ်မှ ယခုတစ်ပတ်မှာတော့ တစ်ပိဿာ ၁၃၂၅ ကျပ်မှ ၁၃၃ဝ ကျပ်ဈေးရှိပါတယ်။ ပန်းနှမ်းဆီ တစ်ပိဿာကို ၃၅ဝဝ ကျပ်ဈေးရှိတယ်လို့ ကုန်သည်များထံမှ သိရှိရပါတယ်။                                                                             စောယုထွေး