Main menu

Background

တိုင်းပြင်ပမှ စီးဝင်လာတဲ့ မြေပဲ

Sun, 02/27/2011 - 06:40 -- Anonymous (not verified)

တိုင်းပြင်ပမှ စီးဝင်လာတဲ့ မြေပဲ            ၂ဝ၁၁ ခု ဖေဖော်ဝါရီလအတွင်း မုံရွာကုန်စည်ဒိုင်မှာ မြေပဲတစ်ပိဿာ အနိမ့်၊ အမြင့်ပေါက်ဈေးမှာ မြေပဲဆံနီ ၁၈ဝဝ ကျပ်-၁၉၅ဝ ကျပ်၊ မြေပဲဆံဖြူ ၁၇ဝဝ ကျပ်-၁၉ဝဝ ကျပ်၊ မြေပဲလုံးဆံ ၂၂၈၆ ကျပ်-၂၂၉၃ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ စောစိုက်တဲ့မြေပဲများထွက်ပေါ်နေပြီး မြင်းမူမြို့နယ်မှ မြေပဲများ မုံရွာမြို့သို့ အများအပြား ဝင်ရောက်မှုအပြင် မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြိုမြို့နယ်များမှ မြေပဲများလည်း မုံရွာမြို့သို့ ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံတစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့ပေါ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်အတွင်း တင်း ၃၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ မြေပဲဆံနီ (ဆီဆံ)ဈေးအတက်အကျပေါ် မူတည်ပြီး ပဲဆီဈေးအတက်အကျဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပြလို့ သိရပါတယ်။ ယခုအပတ်အတွင်း ပဲဆီတစ်ပိဿာ လက်ကား ၃၉၅ဝ ကျပ်၊ လက်လီ ၄ဝဝဝ ကျပ်-၄၁ဝဝ ကျပ်၊ ပဲဖတ် ၆၅၅ ကျပ်ဈေးပေါက်ကြောင်း သိရပါတယ်။                                          သန်းးသန်းးတင်