Main menu

Background

ဆီစက်သမားများအဝယ်ရှိလို့ ဈေးမြင့်နေတဲ့ ပြည်မြေပဲဆံ

Sun, 02/27/2011 - 06:43 -- Anonymous (not verified)

ဆီစက်သမားများအဝယ်ရှိလို့ ဈေးမြင့်နေတဲ့ ပြည်မြေပဲဆံ                  ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ တစ်ပတ်ထက်တစ်ပတ် ဈေးမြင့်လာတာတွေ့ရပါတယ်။ ပြည်မြို့ရှိပွဲရုံ များသို့ အောင်လံ၊ ကံမနဲ့ ရွှေတောင်မြို့နယ်ဘက်မှ တစ်နေ့လျှင် အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာသဖြင့် ဆီစက် သမားများမှ ဆီကြိတ်ရန်ဈေးပေးဝယ်ယူနေသဖြင့် မြေပဲဆံဈေးမြင့်သလို မြေပဲဆီဈေးမှာလည်း ဆက်လက် မြင့်တက် လာခဲ့ပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာလျှင် ၁၈၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာလျှင် ၂ဝ၅ဝ ကျပ်ဖြင့် ယခင် အပတ်ထက် ဈေးဆက်လက်မြင့်တက်လာခဲ့ပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၄၁ဝဝ ကျပ်- ၄၂ဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင်  တစ်နေ့လျှင် ၅ ပေပါခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။                                 ဝေဝေမင်း