Main menu

Background

တစ်ရိပ်ရိပ်တက်ဈေးနဲ့ မုံရွာပဲပုပ်အရောင်းအဝယ်သွက်နေ

Sun, 02/27/2011 - 06:46 -- Anonymous (not verified)

တစ်ရိပ်ရိပ်တက်ဈေးနဲ့ မုံရွာပဲပုပ်အရောင်းအဝယ်သွက်နေ              မုံရွာကုန်စည်ဒိုင် ပဲပုပ်ဈေးကွက်မှာ ဖေဖော်ဝါရီလအတွင်း တက်ဈေးအဆင့်ဆင့်ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ကလေးနယ်က ပဲပုပ်တွေ မန္တလေးတိုက်ရိုက်စီးဆင်းမှုရှိလို့ မုံရွာဈေးကွက်မှာ ပစ္စည်းအဝင် လျော့လာခဲ့ကာ မန်းအဆွဲပိုလာတဲ့ အတွက် ယခုလိုတက်ဈေး ဖြစ်ပေါ်ခြင်းဖြစ်တယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။ ဒီလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မုံရွာပဲပုပ်ဈေးတွေကို လေ့လာတဲ့အခါ လဆန်းပိုင်းမှ တစ်တင်း ၁၂၅ဝဝ ကျပ်ထိအနိမ့်ဆုံးဈေးဖြစ်ခဲ့ပြီး ယခုတတိယပတ်မှာတော့ တစ်တင်း ၁၃ဝဝဝ ကျပ်၊ ၁၄၅ဝဝ ကျပ် အဆင့်ဆင့်တက်လာခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်ဈေးကွက်မှာ တစ်တင်း ၁၅၈ဝဝ ကျပ်ထိ ဈေးအမြင့်ဆုံး ပေါက်ခဲ့တာတွေ့ရပါတယ်။ ယခုလအတွင်း တတိယပတ်အထိ မုံရွာဈေးကွက်ကနေ မန္တလေးကို ပဲပုပ်စီးဆင်း တင်ပို့နိုင်မှုမှာ တင်း ၁၅ဝဝ ခန့်ရှိတယ်လို့ ဈေးကွက်ကဆိုပါတယ်။                                          ထွန်းလှိုင်