Main menu

Background

မတ်ပဲဈေး အကျဘက်ဆင်းလာ

Sun, 02/27/2011 - 06:51 -- Anonymous (not verified)

အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ်က ၉ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ရာမှ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၂ရက်မှာပြီးဆုံးခဲ့တဲ့သီတင်းပတ်အတွင်း စားနပ်ရိက္ခာဖောင်းပွမှုဟာ ၁၁ ဒသမ ၄၉ရာခိုင်နှုန်းရှိခဲ့လို့ ယခင်သီတင်းပတ်မှာဖြစ်ပေါ်ခဲ့တဲ့ ၁၁ ဒသမ ဝ၅ ရာခိုင်နှုန်းထက် ပိုလာတာတွေ့ရပါတယ်။ ပဲမျိုးစုံဈေးက ၁ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်း ကျဆင်းပေမဲ့ အသား၊ နို့နဲ့ အသီးအရွက်ဈေး တွေက ၁၅ ရာခိုင်နှုန်း၊ ၁၇ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်းအသီးသီး မြင့် တက်ခဲ့တာကြောင့်လို့ သိရပါတယ်။ မတ်ပဲဈေး အကျဘက်ဆင်းလာ            ယခင်သီတင်းပတ်က မတ်ပဲဈေးမာခဲ့ပေမဲ့ ယခုသီတင်းပတ်မှာ တော့ ကုန်သည်တွေနဲ့ ပဲခွဲစက်သမားတွေက အဝယ်မရှိတာကြောင့် ပြည်တွင်းဒေစီမတ်ပဲရော မြန်မာမတ်ပဲပါ အကျဘက်ကို ဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့ မတ်ပဲလက်ကျန်အခြေအနေက နည်းနေပြီဖြစ်လို့ ကာလတိုအတွင်းမှာတော့ ဈေးကျဆင်းတာကို ကန့်သတ်နိုင်မယ်လို့ ကုန်သည်တွေ က ခန့်မှန်းကြပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ မိုးရွာသွန်းမှုက လိုအပ်တာ ထက် ပိုခဲ့တဲ့အတွက် ပဲအထွက်လျော့မယ်လို့ ခန့်မှန်းထားပြီး ဈေးကွက် တွေထဲ ပဲဝင်ရောက်မှုဟာလည်း ၁ဝ ရက်-၁၅ ရက်ခန့် နောက်ကျမယ်လို့ ဆိုပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ပုံမှန်အားဖြင့် ပဲတန်ချိန် ၂ ဒသမ ၂၅ သိန်း-၂ ဒသမ ၅ သိန်းခန့်ထွက်ရာမှ ယခုနှစ်မှာတော့ တန်ချိန် ၁ ဒသမ ၈ သန်း-၂ သန်းဝန်းကျင်သာ ထွက်မယ်လို့ ကုန်သည်အသိုင်း အဝန်းကဆိုပါတယ်။ မြန်မာနိုင်ငံက တင်သွင်းထားတဲ့ မတ်ပဲတွေက မတ်လလယ်မှာ ဝင်ရောက်တော့မှာဖြစ်လို့ အဲဒီကာလမှာလည်း ပြည်တွင်း ဈေးထပ်ကျအောင် ဖိအားဖြစ်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေး ကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေး နှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                ဒေါ်လာ/တန်  ဈေးကွက်    ၂၄ .၂ .၁၁          ၂၃ .၂ .၁၁          ၂၂ .၂ .၁၁              ၂၁ .၂ .၁၁မွန်ဘိုင်း         ၈၉၃                ၉ဝ၇               ၉၁၈-၉၂၉                    ၉၂၆ဒေလီ            ၈၉၈               ၉ဝ၇                   ၉၁၈                       ၉၂၆ချန်နိုင်း       ၉၂ဝ-၁ဝ၄၁      ၉၂၄-၁ဝ၄၅            ၉၂၉-၁ဝ၆၂              ၉၂ဝ-၁ဝ၄၂