Main menu

Background

ကုလားပဲဈေး လက်ရှိဈေးဝန်းကျင်မှာ လှုပ်ရှားနေ

Sun, 02/27/2011 - 06:53 -- Anonymous (not verified)

 ကုလားပဲဈေး လက်ရှိဈေးဝန်းကျင်မှာ လှုပ်ရှားနေ                     အိန္ဒိယပြည်တွင်းကုလားပဲလက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ် ကုလားပဲဈေးက လက်ရှိဈေးဝန်း ကျင်မှာဘဲ အပြောင်းအလဲ ဖြစ်နေပါတယ်။ လာမယ့်ရာသီ ပဲအထွက်ကောင်းမယ့်အလားအလာနဲ့ လက်ရှိဈေး မှာ အဝယ်ဆိုင်းနေတယ်လို့ သိရပါတယ်။ ပဲအဓိကထုတ်လုပ်တဲ့ ရာဂျက် စသန်နဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ ယခင်သီတင်းပတ်က မိုးရွာသွန်းခဲ့တာကြောင့် ပဲပိုထွက်မယ့် အလားအလာဖြစ်စေပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲအသစ် အိတ် ၃ဝဝဝ ခန့် ဝင်လာပြီဖြစ်ပြီး အိတ် ၁၅ဝဝ ခန့်မှာ ကာဘူလီဖြစ်ပြီး ကျန်ပဲမှာ ဒေစီကုလားပဲများဖြစ်တယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာ က ပုံမှန်ဝင်ရောက်နေပြီဖြစ်လို့ ဈေးလျော့ကျနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကိုဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                       ဒေါ်လာ/တန်  ဈေးကွက်             ၂၄ .၂ .၁၁           ၂၃ .၂ .၁၁            ၂၂ .၂ .၁၁                 ၂၁ .၂ .၁၁မွန်ဘိုင်း                 ၅၄ဝ                    ၅၄၈                     ၅၃၁                          ၅၃၂ ဒေလီ                    ၅၇၃                    ၅၇၅-၅၈၁              ၅၇၅                      ၅၇၆-၅၈၂ကန်ပါ                     ၆ဝဝ                     ၆ဝ၆                 ၅၉၇-၆ဝ၃                     ၅၇၆