ပဲတီစိမ်းဈေး တည်ငြိမ် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက တည်ငြိမ်သလောက်ရှိနေပါတယ်။ အခိုျ့ဈေးကွက်တွေမှာ လက်ကျန်နည်းလာတာကြောင့် တစ်ပတ်အတွင်း ဂိုျင်ပါဈေးကွက်မှာ ပဲတီစိမ်းဈေး ၂ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့အာကိုလာဈေးကွက်မှာ ၂ ဒသမ ၁၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။ ချန်နိုင်းဈေးကွက်မှာ ကုန်သည်တွေနဲ့ ပဲခွဲစက် လုပ်ငန်းရှင်တွေ အဝယ်အနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ လွန် ခဲ့တဲ့သီတင်းပတ်များအတွင်း နိုင်ငံတကာ ပဲတီစိမ်းဈေးက တစ်တန်ကို ကန်ဒေါ်လာ ၇၅-၁ဝဝ ခန့် ထပ်မံမြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဲအထွက်နည်းမယ်လို့ ခန့်မှန်းခြင်းနဲ့တရုတ်နိုင်ငံက အဆက်မပြတ် ဝယ် ယူနေတာကြောင့် နိုင်ငံတကာဈေး မြင့်တက်နေပါတယ်။ ပြည်တွင်းပဲ အသစ်များမှာ အရည်အသွေးနိမ့်များပါဝင်လို့ လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးအတိုင်း အရောင်းအဝယ် ဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၂ .၁၁ ၂၃ .၂ .၁၁ ၂၂ .၂ .၁၁ ၂၁ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ) ၁၃ဝဝ-၁၃၂၂ ၁၃ဝ၅-၁၃၂၇ ၁၃ဝ၅-၁၃၂၇ ၁၂၈၆ဒေလီ ၁၂၇၈ ၁၂၈၃ ၁၂၈၃ ၁၂၈၆အင်ဒိုရီ ၁၁၄၆ ၁၁၉၅ ၁၁၉၅ ၁၁၇၅-၁၁၉၇
Background