Main menu

Background

တစ်ပတ်အတွင်း တန် ၁၄ဝဝ နီးပါး တင်ပို့

Sun, 02/27/2011 - 07:22 -- Anonymous (not verified)

တစ်ပတ်အတွင်း တန် ၁၄ဝဝ နီးပါး တင်ပို့              ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၈၈ တန် တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၇၇၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က ၆၂၂ တန်တင်ပို့ခဲ့တာ ကြောင့်ယခုရက်သတ္တပတ်မှာ ၂ ဆကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့တရုတ်ကို RSS-3 ၃၈ဝ တန်၊ မလေးရှားကိုRSS-3  ၈၄၄ တန်နဲ့RSS-5  ၁၆၄ တန်အသီးသီးတင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ရော်ဘာ အထွက်နှုန်းကျတဲ့ ရာသီဖြစ်ပြီး ရောင်းလိုအား ပြတ်လတ်ကာဈေးမြင့်နေပါတယ်။ဒါပေမဲ့အဝယ်လိုက် နေတာဖြစ်ကြောင်း သိရပါတယ်။ပင်လယ်ရေကြောင်းက နေ တင်ပို့တဲ့ ဈေးနှုန်းတွေကတော့RSS-3  တစ်တန်ကို ၅၄ဝဝ ဒေါ်လာ RSS-5  တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့ MSR- 20  တစ်တန်ကို ၅၄ဝဝ ဒေါ်လာအသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW