Main menu

Background

ရော်ဘာရွက် မှိုကျရောဂါ ထိန်းချုပ်နိုင်ပြီ

Sun, 02/27/2011 - 07:29 -- Anonymous (not verified)

ရော်ဘာရွက် မှိုကျရောဂါ ထိန်းချုပ်နိုင်ပြီ                   ကာရာလာဒေသအနီးဝန်းကျင်မှာရှိတဲ့ ရော်ဘာအပင်တွေမှာ အရွက်မှိုကျတဲ့ ရောဂါတစ်မိုျး ဖြစ်ပွား လျက်ရှိရာ ယခုအခါမှာတော့ မှိုသတ်ဆေးများဖျန်းတဲ့ နည်းလမ်းနဲ့ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အိန္ဒိယရော်ဘာ အသင်းက ပြောကြားခဲ့ပါ တယ်။တောင်သူတွေအနေနဲ့ စိုးရိမ်စရာအခြေအနေမရှိတော့ကြောင်းလည်း ရော်ဘာ အသင်းဥက္ကဌက ပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းနဲ့ ရော်ဘာထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းပြီး အပင်ကာကွယ်ရေးဌာနကို ဖွင့်လှစ်ဆောင်ရွက် ခဲ့ကြောင်း လည်း သိရပါတယ်။ အိန္ဒိယရော်ဘာသုတေသနဌာနရဲ့ ညွှန်ကြားရေးမှူးကတော့ သုတေသနပညာရှင်တွေက မကြာခဏ ရော်ဘာစိုက်ခင်းတွေကို လာရောက်ပြီး တောင်သူတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ယခုအရွက် ရောဂါကလည်း ပျိုးခင်းထဲက အပင်ငယ်များကိုသာ ထိခိုက်စေခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း ကာရာလာနဲ့ ကာနာတာက နယ်စပ်တွေမှာ တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ဒီလိုရောဂါက ကာရာလာမှာ မကြာခဏ ဆိုသလိုဖြစ်နေကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောကြားပါတယ်။ ၎င်းရောဂါက ရွက်သစ်ထွက်တဲ့ကာလ ဖြစ်တဲ့ ဇန်နဝါရီလမှ ဖေဖေါ်ဝါရီလထိ ကာလမှာ ပြင်းထန်ကြောင်း သိရပါတယ်။ နယ်စပ်ကရော်ဘာစိုက်ခင်းတွေမှာ နေရောင် ခြည်ပိုရတဲ့ အပင်များကပိုပြီး ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခံစားရကြောင်း သတင်းရရှိပါတယ်။            Source: Commodity Online,KZW