Main menu

Background

ဗီယက်နမ်ပို့ကုန်များ အလားလာကောင်း

Sun, 02/27/2011 - 07:34 -- Anonymous (not verified)

ဗီယက်နမ်ပို့ကုန်များ အလားလာကောင်း             ၂ဝ၁၁ ရဲ့ ရော်ဘာဝယ်လိုအား တန်ချိန် ၁၁ သန်းမှ ၁၅ သန်းအထိရှိပေမဲ့ ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ်မှု ကတော့ ဒီကိန်းဂဏန်းထက်နည်းနေအုံးမှာ ဖြစ်ကြောင်း ကမ္ဘာ့ရော်ဘာအသင်းက ပြောကြားပါတယ်။ ဝယ်လိုအားက ရောင်းလိုအားထက် ပိုနေတာကြောင့် ရော်ဘာဈေးနှုန်းက ၂ဝ၁၁ မှာ တိုးလာအုံးမယ်လို့ မျှော်လင့် ရပါတယ်။၂ဝ၁ဝ နိုဝင်ဘာလ၊ ဒီဇင်ဘာလကတည်းက ဗီယက်နမ်ရော်ဘာပို့ကုန်၊ သွင်းကုန်အုပ်စုမှာ ပါဝင်တဲ့ ကုမ္ပဏီအတော်များများက အရောင်းအဝယ်စာချုပ်တွေ ချုပ်ဆိုခဲ့ကြောင်း ၎င်းအသင်းရဲ့အကြီးအကဲက ပြောကြားခဲ့ပါတယ်။၂ဝ၁၁ ဇန်နဝါရီလမှာတော့ ဒီအဖွဲ့အစည်းက တန်ချိန် ၈ သောင်း တင်ပို့ခဲ့ကြောင်း သိရပါတယ်။၂ဝ၁၁ ဖေဖော်ဝါရီမှာ တန်ချိန် ၄ သောင်း ထပ်မံတင်ပို့ခဲ့ကြောင်း သိရပါတယ်။လာမယ့်လမှာတော့ ရော်ဘာဈေးနှုန်းက ခုန်တက်သွားနိုင်ပြီးတစ်တန်ကို ဗီယက်နမ်ဒေါင်သန်း ၁ဝဝ (ဒေါ်လာ ၅ဝဝဝ) လောက်ဈေးရှိမယ်လို့သိရပါတယ်။ဒါကတော့ ဗီယက်နမ်ရော်ဘာလုပ်ငန်းများက ကမ္ဘာမှာ တဖြည်းဖြည်းအားကောင်း လာတာကို သက်သေပြတဲ့အချက်ဖြစ်ပါတယ်။၂ဝ၁၁ အစောပိုင်းမှာ တရုတ်နိုင်ငံက ကားတာယာနဲ့ ကျွတ်များ ထုတ်လုပ်ဖို့ဗီယက်နမ်ရဲ့ရော်ဘာတွေကို တင်သွင်းခဲ့ကြောင်း သိရပါတယ်။ဗီယက်နမ်ကလည်း တရုတ်ကို ရော်ဘာ တင်ပို့မှုကို တိုးမြှင့်ဖို့ လိုအပ်နေပါတယ်။ရော်ဘာကနေ ယခုနှစ်ပထမ လေးလပတ်မှာ ဈေးကွက်အကိုျးကျေးဇူးတွေ ခံစားရလိမ့် မယ်လို့ စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြောင်း လဲသိရပါတယ်။ ရော်ဘာအပြင်ပင်လယ်စာ တင်ပို့မှုကလည်း အကိုျးကျေးဇူးတွေရရှိကြောင်း သိရပါတယ်။ဗီယက်နမ် ကုမ္ပဏီ ၅၆၉ ခုကျော်က ပင်လယ်စာထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံ ၁၆၂ နိုင်ငံကို တင်ပို့နေကြောင်း သိရပါတယ်။ အရည်အသွေးပြည့်မီတဲ့ ထုတ်လုပ်မှုတွေကြောင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ အဓိကရောင်းချသူတွေဖြစ် လာနိုင်ကြောင်း သတင်းရရှိပါတယ်။ KZW