Main menu

Background

တရုတ်နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့ တန် ၇၈ဝဝ ကျော်တင်ပို့

Sun, 02/27/2011 - 07:39 -- Anonymous (not verified)

တရုတ်နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့ တန် ၇၈ဝဝ ကျော်တင်ပို့           ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမြန်မာတရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ သန်းနီးပါးတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၇၈၄ဝ ကျော ်တင်ပို့မှုရှိခဲ့ပါတယ်။နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ၇၆၃၈ တန်ကျော်၊ လွယ်ဂျယ်မှ ၁၈၃ တန်နဲ့ ချင်းရွှေဟော်မှ တန် ၂ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၈၂ဝဝ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃၇ဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။မူဆယ်နဲ့ ချင်းရွှေဟော်မှ တင်ပို့မှုလျော့နည်းခဲ့ပြီး လွယ်ဂျယ် မှ တင်ပို့မှုမှာမူ ပိုမိုခဲ့ပါတယ်။ပြောင်းတင်ပို့မှု လျော့နည်းရခြင်းမှာ ကုန်ပစ္စည်းအရင်း တန်ဖိုး တောင်ကြီး ကုန်စည်ဒိုင် ဈေးနှုန်း ၁ ပိဿာ ၂၂၅ ကျပ်၊ လားရှိုး ကုန်စည်ဒိုင်ဈေး ၁ ပိဿာ ၂၈ဝ ကျပ်ဖြစ်နေပြီး ယခုအပတ်မှာ သယ်ယူပို့ဆောင်ခစရိတ် ပြန်လည်မြင့်တက် နေတာကြောင့် မိမိဖက်မှ တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ပြောင်းဈေးနှုန်းမှာ ယခင်အပတ်က ၁၆၆၇၈၄ ကျပ်မှ ၁၇၂၄ဝ၇ ကျပ်ထိ ရှိခဲ့ပြီး ယခုအပတ်မှာ ကျပ် ၁၅၈၇၉၆ မှ ၁၇ဝ၁၃၈ ထိရှိနေပါတယ်။တစ်ဖက်နိုင်ငံ ဝယ်ဈေးအနေဖြင့် ယခုအပတ်မှာ ပြောင်းလဲမှုမရှိဘဲ ကုန်စည်ဒိုင် ပေါက်ဈေး တစ်တန်ကို ၁၈၁ဝ ယွမ်နဲ့ ရွှေလီဝယ်ယူမှုဈေး၁၈၉ဝ ယွမ်ဖြစ်နေပြီး ပြောင်းတစ်အိတ်လျှင် ၉၄ ယွမ်မှ ၉၅ ယွမ်ထိ ဈေးရလျက်ရှိတယ်လို့ သိရပါတယ်။မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ်                                         မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု         ယခင်     ပြောင်းလဲမှု   %      ယခု     ယခင်   ပြောင်းလဲမှု         %ပြောင်းဖူးစေ့     ၂၉၃၁၃၃     ၂၉၈၆၄၆     ၅၅၁၃        ၂     ၂၈၇     ၂၈၇         -                  -MIRT (DOBT)