Main menu

Background

စိုက်ပျိုးမှု ပိုမိုလို့ အိန္ဒိယသကြားအထွက်မြင့်တက်မယ်လို့ သကြားစက် လုပ်ငန်းရှင်များက ဆို

Sun, 02/27/2011 - 07:45 -- Anonymous (not verified)

စိုက်ပျိုးမှု ပိုမိုလို့ အိန္ဒိယသကြားအထွက်မြင့်တက်မယ်လို့ သကြားစက် လုပ်ငန်းရှင်များက ဆို               ကမ္ဘာမှာ ဒုတိယအများဆုံးသကြားထုတ်လုပ်တဲ့ အိန္ဒိယမှာ ဈေးအမြင့်ရရှိနေ တဲ့အတွက် တောင်သူတွေ စိုက်ဧရိယာတိုးခဲျ့လာတာကြောင့် လာမယ့်နှစ်မှာ သကြားထွက်ရှိမှု မြင့်တက်မယ်လို့ သကြားစက်လုပ်ငန်းရှင် အုပ်စုက ဆိုပါတယ်။ အောက်တိုဘာလ ၁ ရက်မှာစတင်တဲ့ သကြားရာသီအတွင်း ထုတ်လုပ်မှုက ယခု နှစ် ခန့်မှန်းတန်ချိန် ၂၅ သန်းကနေ အနည်းဆုံး ၅ ရာခိုင်နှုန်းမြင့်တက်လိမ့်မယ်လို့ နိုင်ငံတော် သကြားစက်သမအသင်း အုပ်ချုပ်မှုဒါရိုက်တာ Vinay Kumar  က ပြောကြားပါတယ်။                 အာရှနိုင်ငံမှာ အထွက်မြင့်တက်နိုင်ခြင်းက ယခုလအတွင်း နယူးယောက်မှာ နှစ် ၃ဝ အတွင်း သကြားကြမ်းဈေး အမြင့်ကို ရောက်ရှိအောင်တွန်းပို့တဲ့ ကမ္ဘာ့ သကြား မလုံလောက်မှုကို အထောက်အပံ့ဖြစ်စေ နိုင်မှာဖြစ်ပါတယ်။ အိန္ဒိယအစိုးရ ဟာ ၃ နှစ်အတွင်း ပထမအကြိမ်အနေနဲ့ သကြားပိုလံျှတာကြောင့် တန်ချိန် ၅ သိန်း တင်ပို့ခွင့်ပြုဖို့ ယခုတစ်ပတ်မှာ စီစဉ်ခဲ့တယ်လို့ အိန္ဒိယသကြားထုတ်လုပ်မှုများ အစုအဖွဲ့က ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကျင်းပတဲ့ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ လာမယ့်သီးနံှထွက်ရှိမှုအလားအလာကောင်းတာကြောင့် တင်ပို့မှု ခွင့်ပြုချက်ကို နှောင့်နှေးမထားသင့်ဘူးလို့လည်း Kumar  က ဆိုပါတယ်။ အိန္ဒိယ နိုင်ငံအနေနဲ့ ပထမအကြိမ်ကို တန်ချိန် ၅ သိန်း တင်ပို့ခွင့်ပြုသင့်ပြီး နောက် တစ်ကြိမ်တန်ချိန် ၁ သန်းခွင့်ပြုဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က နယူးယောက်မှာ သကြားတစ်ပေါင်ကို ကန်ဒေါ်လာ ၃၆ ဒသမ ဝ၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၇၉၅) ဖြစ်ခဲ့လို့ ၁၉၈ဝ နောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အဓိက ကတော့ သြစတြေးလျနဲ့ ရုရှားမှာ ရာသီဥတုဆိုးဝါးလို့ သီးနံှပျက်စီးမှုတွေ ဖြစ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မေလပို့ရမယ့် သကြားကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၈ ဒသမ ၄၂ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၆၂၆) ဖြစ်ခဲ့လို့ မေလကုန် ကနေ ၂ ဆ မြင့်တက်နေဆဲဖြစ်ပါတယ်။ ယခုရာသီမှာ အိန္ဒိယက လိုအပ်ချက်တန်ချိန် ၂၃ သန်းထက် ပိုပြီး တန်ချိန် ၂၄ ဒသမ ၅ သန်း ထွက်ရှိနိုင်တယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ အိန္ဒိယ သကြားစက်အသင်းကတော့ တန်ချိန် ၂၅ သန်း ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရာသီသစ်မှာ လက်ကျန်တန်ချိန် ၅ သန်းခန့် ကျန်ရှိနိုင်လို့ စက်တင်ဘာလ ကုန်မှာ ပိုလံျှသကြားတန်ချိန် ၆ ဒသမ ၇ သန်းရှိမယ်လို့ အသင်း ညွှန်ကြားရေးမှူးချုပ် Abinash Verma  က ပြောကြားပါတယ်။ ဒါကြောင့် ပြည်ပရောင်းချဖို့ တန်ချိန် ၁ ဒသမ ၇ သန်းကျန်ရှိနိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ ယမင်းခင်၊ှSource: bloomberg.net