Main menu

Background

ရခိုင်ပြည်နယ်အတွင်း ပုစွန်သားဖေါက်စခန်းများ ဖွင့်လှစ်ထုတ်လုပ်မည်

Sun, 02/27/2011 - 07:52 -- Anonymous (not verified)

ရခိုင်ပြည်နယ်အတွင်း ပုစွန်သားဖေါက်စခန်းများ ဖွင့်လှစ်ထုတ်လုပ်မည်                  ပုစွန်များကို ပြည်ပပို့ကုန် ဝင်ငွေရရှိမှု လျာထား သတ်မှတ် တင်ပို့နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း ပုစွန် သားဖေါက်စခန်းများ ဖွင့်လှစ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ ''ရခိုင်ပြည်နယ်အတွင်းမှာ ပုစွန် သားဖေါက်စခန်း လေးခုကိုလာမယ့် သားဖေါက်ရာသီအမီ ဖွင့်လှစ်သွားမှာပါ။ အဲဒီအတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ရခိုင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုအကောင်အထည်ဖော်ရာကနေ ထွက်ရှိလာမဲ့ သားပေါက်တွေကို ပုဂ္ဂလိကပုစွန်မွေးမြူရေး လုပ်ငန်းရှင်တွေဆီ ဖြန့်ဖြူးရောင်းချပေးမှာပါ။ရခိုင်ပြည်နယ် အတွင်းမွေးမြူရေးပုစွန် ထုတ်လုပ်မုှုကိုကြည့်ရင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်းမှာ တိုးတက်မှုရှိခဲ့ပေမဲ့ ၂ဝ၁ဝ-၂ဝ၁၁ မှာ လျော့နည်းကျဆင်းခဲ့တာ တွေ့ရပါတယ်။ဒီနှစ်ထဲမှာ ပုစွန် မွေးမြူ ထုတ်လုပ်မှုကျဆင်းရတာဟာ ပုဂ္ဂလိကမွေးမြူသူ တွေ အနေနဲ့ ပုစွန်ကန်တွေမှာ သားပေါက် ထည့်မွေးချင်ပေမဲ့ အရည်အသွေးကောင်းတဲ့ သားပေါက်တွေ အလုံအလောက် မရရှိခဲ့လို့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်'' ဟု မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များအသင်းက ဦးနှင်းဦးက ပြောပြသည်။ ရခိုင်ပြည်နယ်အတွင်း ပုစွန်သားဖေါက်စခန်း ဖွင့်လှစ်မည့် နေရာများမှာ ကျောက်ဖြူ-ပုစွန်သားဖေါက်စခန်း၊ စစ်တွေမြို့ရှိ ရေချမ်းပြင်သားဖေါက်စခန်း၊ စိုးမဲကျီသားဖေါက် စခန်းနှင့် မောင်တောရှိ အလယ်သံကျော် သားဖေါက်စခန်း တို့ ဖြစ်သည်။                        MN