Main menu

Background

ကဏန်းများမျိုးပွားနိုင်စေရန် ဘေးမဲ့တောများတွင် ပြန်လွှတ်ပေးခဲ့

Sun, 02/27/2011 - 07:52 -- Anonymous (not verified)

ကဏန်းများမျိုးပွားနိုင်စေရန် ဘေးမဲ့တောများတွင် ပြန်လွှတ်ပေးခဲ့              ကဏန်းများထွက်ရှိရာ တိုင်းဒေသကြီးများတွင် ကဏန်းများမျိုးပွားနိုင်စေရန် ဘေးမဲ့တောများတွင် ပြန်လွှတ် ပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။                       ''ငါးလုပ်ငန်းဦးစီးဌာနရဲ့ စီစဉ်မှုနဲ့ ကဏန်းထွက်ရှိရာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီး ၃ ခုတို့မှာ ကဏန်းဘေးမဲ့တော ဧရိယာဇုန်တွေ သတ်မှတ်ပေးထားပါတယ်။ အဲဒီဒေသတွေမှာ ကဏန်းတွေ မျိုးပွားနိုင်စေဖို့နဲ့ ကဏန်းတွေမျိုးမသုဉ်းစေဖို့အတွက် ရည်ရွယ်ပြီး ဥပါတဲ့ ကဏန်း အမကြီးတွေ၊ ၁ဝဝ ဂရမ်အောက် ကဏန်းသေးတွေနဲ့ ၁ဝဝ ဂရမ်အထက် ကဏန်းအကြီးတွေကို လွှတ်ပေးနေပါတယ်''ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။                    ကဏန်းမဖမ်းရဘေးမဲ့တောများအနက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်း ဒေသ တွင် ဖေဖော်ဝါရီလ ဒုတိယပတ်က ကဏန်းကောင်ရေ ၁၅ဝဝဝ လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ MN