Main menu

Background

ကဏန်းဈေး ၁ တန်လျှင်ဒေါ်လာ ၆၇ဝဝ ဖြင့် စံချိန်ချိုးရရှိ

Sun, 02/27/2011 - 07:56 -- Anonymous (not verified)

ကဏန်းဈေး ၁ တန်လျှင်ဒေါ်လာ ၆၇ဝဝ ဖြင့် စံချိန်ချိုးရရှိ                     တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့က ဖမ်းဆီးရရှိသည့် ကဏန်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ကဏန်း ၁ တန်လျှင် ဒေါ်လာ ၆ဝဝဝ ဈေးနှုန်းရရှိကာ စံချိန်ချိုးရရှိခဲ့ ကြောင်း ကဏန်းတင်ပို့သူများထံက သိရသည်။                     ''ကဏန်းက ရေထရက်-ရေသေရက်တွေ အလိုက် ဖမ်းဆီးရရှိမှုက ကွာခြားတယ်၊ ရေသေရက် ဆို ကဏန်းက နည်းနည်းပဲရတတ်တယ်။ရေထရက် ဆိုရင်တော့ များများစားစားဖမ်းမိတယ်။ဖေဖော်ဝါရီလ ၁၈-၁၉ ရက် တွေက၊ ရေသေရက်တွေဆိုတော့ ဒီနေ့ဆို (ဖေဖော်ဝါရီ ၁၉) မန္တလေးကနေ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်ကို ကဏန်းကား ၂ စီး၊ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကဏန်း ကား၂ စီး၊ စုစုပေါင်း ကား ၄ စီးပဲတက်နိုင်တယ်။ ဒီနှစ်က ကဏန်းဈေးအကောင်းဆုံးရတဲ့နှစ်ပါ'' ဟု မူဆယ် အခြေစိုက်ကဏန်း တင်ပို့သူလုပ်ငန်းရှင်တစ်ဦး ကပြော ကြားသည်။                     ကဏန်းဈေးနှုန်းများအနက် ၂ဝဝ၉-၂ဝ၁ဝ က ကဏန်း ၁ တန်လျှင် ဒေါ်လာ ၅၅ဝဝ ကျော်ရှိခဲ့ပြီး၊ ၂ဝဝ၈- ၂ဝဝ၉  ခုနှစ်က ကဏန်း ၁ တန်လျှင် ဒေါ်လာ ၄ဝဝဝ ဝန်းကျင်ဖြင့် အမြင့်ဆုံးဈေးနှုန်းများဖြစ်ပေါ်ခဲ့ရာ ယခုနှစ် ရရှိသည့် ကဏန်းဈေးနှုန်းမှာ စံချိန်ချိုးရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။                                                      MN