Main menu

Background

မြန်မာ့မီးရထားအတွက် အိန္ဒိယမှ ဝယ်ယူထားသည့် စက်ခေါင်းနှင့် လူစီးတွဲများ ရောက်ရှိလာ

Sun, 02/27/2011 - 08:17 -- Anonymous (not verified)

 မြန်မာ့မီးရထားအတွက် အိန္ဒိယမှ ဝယ်ယူထားသည့် စက်ခေါင်းနှင့် လူစီးတွဲများ ရောက်ရှိလာ               မြန်မာမီးရထားလုပ်ငန်းတွင် အသုံးပြုရန်အတွက် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် စက်ခေါင်းများနှင့် လူစီးတွဲများဖေဖော်ဝါရီလအတွင်း ရောက်ရှိလာခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံမှ မီးရထားစက်ခေါင်းသုံးခုသည် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရောက်ရှိလာခဲ့ပြီး စက်ခေါင်းတစ်ခု၏ ပါဝါသည် မြင်းကောင်ရေ ၁၃၅ဝ ရှိကြောင်း သိရသည်။ ''နောက်ထပ်ဝယ်ယူထားတဲ့ စက်တွေရောက်လာဦးမှာပါ။စက်ခေါင်းတွေရဲ့ ပါဝါနဲ့ကိုက်ညီတဲ့ လမ်းကို အသုံးပြုသွားမှာပါ'' ဟုမြန်မာ့မီးရထား မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာ့မီးရထားတွင် အသုံးပြုရန်အတွက် အိန္ဒိယနိုင်ငံမှ စက်ခေါင်း ၂ဝ နှင့် လူစီးတွဲ ၂ဝ ကို ဝယ်ယူထားရှိပြီး ရောက်ရှိလာသည့် စက်ခေါင်းများကို ရန်ကုန်-မန္တလေး လမ်းကြောင်းတွင် အသုံးပြုလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံမှ စက်ခေါင်းနှင့် လူစီးတွဲများဝယ်ယူခြင်းသည် ၂ဝ၁၁ အတွင်း ဒုတိယ အကြိမ်ဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံရှိ ကုမ္ပဏီလေးခုမှ သံလမ်းတန်ချိန်ခုနစ်သောင်းကျော် ဝယ်ယူထားရာ တစ်သောင်းကျော်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။            မြန်မာ့မီးရထားလုပ်ငန်းသည် ပြည်တွင်းရှိ တိုင်းရင်းသားပြည်သူများသွားလာရေးလွယ်လင့်တကူဖြစ်စေရန် မီးရထားလမ်းသစ်များကို ဖောက်လုပ်လျက်ရှိခြင်းကြောင့် လိုအပ်လာသည့် စက်ခေါင်းများနှင့် လူစီးတွဲများကို ပြည်ပနိုင်ငံများမှ ဝယ်ယူလျက်ရှိကြောင်းသိရသည်။ လက်ရှိတွင် မြန်မာ့မီးရထား၌ အိန္ဒိယ၊ တရုတ်၊ ဂျာမနီ၊ သြစတြီးယား စသည့်နိုင်ငံများမှ စက်ခေါင်းများနှင့် လူစီးတွဲများကို အသုံးပြုလျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည့် စက်ခေါင်း များသည် ၂ဝ၁ဝပြည့်နှစ် အောက်တိုဘာလတွင်ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံမှဝယ်ယူထားသည်Rail Bus  အင်ဂျင်တပ် RBE လူစီးရထားများ ရောက်ရှိ ခဲ့ရာ အသုံးပြုလျက်ရှိနေပြီဟု သိရသည်။ ကိုဖြိုး